မင်္ဂလာပွဲစတင်ဖို့ အချိန်ကိုတစ်စတစ်စ
ကျော်လွန်လာသည်နှင့်အမျှ ဧည့်ခံပွဲကို
လာသည့်ဧည့်သည်များထံမှ သို့လော
သို့လော နဲ့တီးတိုးပြောသံတွေက
ကျယ်လောင်စွာ ပေါ်ထွက်လာခဲ့လေပြီ။အဆင်သင့်နေရာယူထားသည့်
အခမ်းအနားမှူးကလည်း ဧည့်သည်
တွေကိုကြည့်ပြီး ဘာဆက်လုပ်ရမလဲ
ဆိုသည့်ပုံစံဖြင့် Mr.Im ကိုလှမ်းကြည့်
လေရာ Mr.Im မှာလည်းမျက်နှာပျက်
လျက်ချွေးတွေပျံနေကာ လက်ထဲကိုင်
ထားသည့်ဖုန်းကိုပဲစိုက်ကြည့်နေသည်။Sooyeon ၏မိဘနှစ်ပါးကတော့
ပြောစရာပင်မလိုတော့ဘဲ
အခုချိန်မှတော့သူတို့နှစ်ယောက်
လည်းဘယ်သူ့ကိုအပြစ်တင်ရမည်
မှန်းမသိတော့၍ တစ်ယောက်လက်
တစ်ယောက်ဆုပ်ကိုင်ထားပြီး
ငူငူငိုင်ငိုင်ထိုင်နေကြ၏။Mr.Im တို့ဘက်က Yoona ဘာ
အကြောင်းကြောင့်အိမ်ကထွက်
သွားသည်ဆိုတာကိုတော့
မပြောပေမယ့် မင်္ဂလာပွဲကိုဆက်လုပ်ရန်
မလုပ်ရန်ကို သူတို့ဘက်ကိုရွေးချယ်
ခိုင်းခဲ့ပါသည်။အဲဒါကိုမှ သူတို့၏သမီး Jung Sooyeon
ကအတင်းခေါင်းမာလျက် ဒီပွဲကို
လုပ်ဖို့ရွေးချယ်ခဲ့မှတော့ သူတို့လည်း
Mr.Im ကိုပဲအပြစ်တင်နေလို့မရ
တော့ဘဲ အပြစ်တင်ချင်ရင်တော့
ခေါင်းမာလွန်းလှပြီး Yoona နှင့်
ပတ်သက်လာရင် ရူးမိုက်လွန်းသည့်
သမီးကိုပဲအပြစ်တင်မှရမှာမလို့
အခုချိန်သူတို့လည်း ထိုင်နေရုံမှ
တစ်ပါးတစ်ခြားလုပ်စရာမရှိတော့ပါဘူး။Mr.Im ကဖုန်းကိုစိုက်ကြည့်နေလျက်မှ
တစ်စုံတရာကိုပြတ်ပြတ်သားသား
ဆုံးဖြတ်လိုက်ပုံနဲ့ Sooyeon ၏မိဘ
နှစ်ပါးကိုလှမ်းကြည့်လိုက်ပြီး ထိုင်နေ
ရာမှ သူတို့ဆီသို့ လျှောက်လာ၏။အနားရောက်မှ ကိုယ်ကိုအနည်းငယ်
ညွှတ်လျက်အရင်ဆုံးတောင်းပန်
စကားစပြောလိုက်သည်။"ကျွန်တော့်ဘက်က အနူးအညွတ်
တောင်းပန်ပါတယ်၊ ဒါတွေအားလုံးက
သမီးတစ်ယောက်ကို ကောင်းကောင်း
မသွန်သင်နိုင်ခဲ့တဲ့ ကျွန်တော့်အမှား
တွေကြောင့်ပါ"Mr.Im ကစကားကိုခဏရပ်၍
နာရီကိုငုံ့ကြည့်ပြီးမှ ဆက်ပြော၏။"အချိန်ကသိပ်ကိုနောက်ကျနေပြီ၊
ဧည့်သည်တွေကိုလည်း ဒီထက်ပို
စောင့်ခိုင်းဖို့မဖြစ်နိုင်တော့တာမလို့
မင်္ဂလာပွဲကို ကျွန်တော်တို့ဘက်က
အမှားကြောင့်ဖျက်သိမ်းလိုက်ရပါ
တယ်ဆိုပြီး ကြေညာပေးလိုက်ပါ့မယ်၊
အဲဒါဆိုရင် Sooyeon အပေါ်မှာ
လူတွေရဲ့အမြင်လည်းတစ်မျိုးပြောင်း
သွားမှာပါ၊ အနည်းဆုံးတော့ သူ့ရဲ့
သိက္ခာကိုကာကွယ်နိုင်ပါလိမ့်မယ်"
YOU ARE READING
My Beloved
Fanfictionfic မှာပါတဲ့ Cover photo အတွက် original uploader ကို crd ပေးပါတယ်