-----------------------------------------------Yoonaသူမပါးတစ်ဖက်ကို ကိုင်ကာအ
သိစိတ်လွတ်နေ တဲ့သူလိုမျိုးဖြစ်နေ
တာကိုမြင်ရတဲ့ Taeyeon လည်း
Yoona ရဲ့စိတ်ကိုသူအသိဆုံးဖြစ်
တာကြောင့် အလိုက်သိစွာနဲ့
ဘာစကားမှမပြောပဲ Yoona ဘေး
ကနေ တိတ်ဆိတ်စွာပါလာသည်။ပြခန်းအပြင်ရောက်တော့ Yoona က
မပြောမဆို ဆက်မလျှောက်
တော့ပဲ ရပ်နေတာကြောင့်
Yoona ကိုနားမလည်ဟန်တစ်ချက်
ကြည့်ပြီး စကားစလိုက်တယ်။"Yoona အဆင်ပြေရဲ့လားဟင်"
Taeyeon ရဲ့မေးခွန်းကိုကြားမှ
Yoona မှာအခုမှ စိတ်နဲ့လူနဲ့ကပ်
သလိုပုံစံနဲ့ Taeyeon ဖက်ကိုကြောင်
တောင်တောင်လှည့်ကြည့်လာသည်။"ဟင်.....နင်ခုနကဘာပြောလိုက်
တာလဲ၊ ဆောရီး ငါမကြားလိုက်
ဘူး""Aww....နင်အဆင်ပြေရဲ့လားလို့
မေးတာပါ၊ အဆင်ပြေရဲ့လား?
သူရိုက်လိုက်တာတော်တော်ပြင်း
တာဟ၊နင့်ကိုရိုက်လိုက်တဲ့အသံကြား
ပြီးတော့ ဘေးကငါတောင်ကြက်သီးထ
သွားတယ်၊ တော်တော်နာသွားမယ်
ထင်တယ်""Omm....အဆင်ပြေတယ်ပြောရင်
ငါညာပြောတာဖြစ်သွားမှာပေါ့
အဆင်မပြေဘူး Taeyeon Ya
ငါအဆင်မပြေဘူး""အေးပါ..... ငါနားလည်ပါတယ်
နင့်လိုမျိုးလူမျိုးက ပါးအရိုက်ခံခဲ့ရတာ
ကို အဆင်ဘယ်ပြေပေါ့မလဲ""Taeyeon တကယ်ကိုခုနက ငါ
ပါးအရိုက်ခံလိုက်ရတာလားဟင်
ငါအခုထိမယုံနိုင်သေးဘူး၊ ဟင့်အင်း...
မယုံတာမဟုတ်ဘူးငါလက်မခံနိုင်သေး
တာ၊ ငါ့ဘဝမှာ ပါးရိုက်ခံရလိမ့်ဆိုတာ
အိပ်မက်ထဲတောင်တစ်ခါမှ ထည့်မမက်
ဖူးဘူး၊ ပြီးတော့ ငါ့ကိုရိုက်တဲ့သူက
ငါနဲ့ဘာမှမတော်တဲ့ သူစိမ်းမိန်းကလေး
တစ်ယောက်၊ ငါလုံးဝလက်ခံလို့မရသေး
ဘူး ""အေး.....ငါနင့်စိတ်ကိုသိပါတယ်
အရမ်းကြီးလည်း serious မထား
ပါနဲ့""ငါ...ကျိန်ဆိုလည်းကျိန်ပြောနိုင်ပါ
တယ် Taeyeon ရယ်၊ ခုနကငါသူ့
ကိုတမင်လုပ်လိုက်တာမဟုတ်ဘူး
တကယ်မတော်တဆထိမိသွားတာပါ
ပြီးတော့သူလည်းမိန်းကလေး
ငါကလည်းမိန်းကလေး
အဲဒါကို သူ့ဖက်ကအခုလိုမျိုးငါ့ကို
တုန့်ပြန်ဖို့လိုလို့လား၊ ငါမတော်တဆ
ဖြစ်တယ်ဆိုတာ နင်ယုံတယ်မလား
Taeyeon"
DU LIEST GERADE
My Beloved
Fanfictionfic မှာပါတဲ့ Cover photo အတွက် original uploader ကို crd ပေးပါတယ်