Ego

1.2K 122 24
                                    


နောက်တစ်နေ့မနက်မှာ Yoona
ဖုန်းဆက်ထား၍ ရောက်လာသည့်
Taeyeon နဲ့Tiffany အိမ်ထဲဝင်လိုက်
သည်နှင့် Sooyeon ကဆိုဖာပေါ်မှာ
ငုတ်တုတ်ထိုင်နေသည်။ သူမပုံကြည့်
ရသည်မှာ မနေ့ညကတစ်ညလုံးမအိပ်
ဘဲငိုထားပုံပေါ်သည်။

Tiffany ကသူမသူငယ်ချင်းနား
သွားကာစကားသွားပြောနေချိန်
Taeyeon က Yoona ကိုတစ်အိမ်
လုံးအနှံ့လိုက်ရှာနေသည်။
ဒီအိမ်က တစ်ခါတရံသာလာနေတဲ့
အိမ်မလို့ရှာဖို့အခန်းအများကြီးမရှိပေ။

နောက်ဆုံးအောက်ထပ်လှေကားနား
မှအခန်းက အထဲက Lock ချထား
သည်မို့ Yoona အထဲမှာရှိမည်ဟု
တွက်မိပြီးတံခါးခေါက်လိုက်သည်။

သုံးလေးကြိမ်ခေါက်ပြီးမှတံခါးဖွင့်လာ
ပြီး Yoona ပုံစံက မှုန်ကုပ်ကုပ်မျက်
နှာနှင့်တစ်လောကလုံးကိုအရွှဲ့တိုက်
ချင်နေသည့်ပုံစံဖြစ်နေသည်။

Taeyeon ကိုတွေ့တော့လည်း
မရယ်မပြုံးခပ်တည်တည်မျက်နှာနဲ့

"Jung Sooyeon ကိုသူ့အိမ်လိုက်
ပို့ပေးလိုက်ပါ"

"Ya.....yah....Yoona....
Wait......နေဦးလေ...."

တံခါးပွင့်လာတာနဲ့သူပြောချင်
တဲ့စကားကိုပြောသွားပြီး Taeyeon
၏တုံ့ပြန်စကားကိုမစောင့်ဘဲ
ချက်ချင်းတံခါးပြန်ပိတ်သွားသော
ကြောင့် Taeyeon ကပျာကယာ
တားဆီးသော်လည်းမမှီတော့ချေ။

ဒီနေ့မနက် Fany ကဖုန်းဆက်၍
Sooyeon ကိုသွားခေါ်မည်ဆိုသော
ကြောင့်လိုက်လာခဲ့တာ Yoona
တို့နှစ်ယောက်ကြားမှာဘာတွေဖြစ်
နေသည်ကို သူကိုယ်တိုင်လည်းမသိ
သလို လမ်းမှာ Fany ကိုမေးတော့
Fany ကသူလည်းမသိဘူးဟုပြောသည်။

မနေ့ညကသတင်းကိုစကြားကြား
ချင်းရုတ်တရက်အံ့ဩသွားခဲ့ပေမယ့်
Yoona နဲ့Sooyeon အတွက်ဝမ်းသာ
ပေးခဲ့သည်။
ဒီမနက်ရောက်တော့ Yoona ကခေါ်
တယ်ဆို၍မင်္ဂလာပွဲအကြိုစားသောက်
ပွဲလုပ်မည်ဟုထင်နေမိပေမယ့်
ရောက်လာတော့တွေ့လိုက်ရသည့်
အခြေအနေက နားလည်ရခက်အောင်
ဘာတွေဖြစ်နေမှန်းမသိတော့ပါဘူး။

Taeyeon တံခါးကိုပြန်ခေါက်ပြီး
Yoona ကိုခေါ်နေပေမယ့်အထဲက
ဘာမှမတုန့်ပြန်လာတော့လက်လျော့
လိုက်ပြီး အခန်းရှေ့ကလှည့်ထွက်ခဲ့၏။

My BelovedWhere stories live. Discover now