One Fine Day

1.3K 120 2
                                    


Daejeon မှာမထင်ထားဘဲအမှတ်မ
ထင်တွေ့ဆုံမှုက Sooyeon နှင့် Yoona
ရဲ့ခင်မင်ရင်းနှီးမှုကို အများကြီးတိုးတက်
ကောင်းမွန်လာစေခဲ့ပါသည်။

အခုဆိုလျှင် Yoona ကလည်းသူမ
Appa ရဲ့ Company မှာ Yuri
ရဲ့အကူအညီနဲ့ အလုပ်ထဲမှာ
မြန်မြန်ရင်းနှီးကျွမ်းဝင်ခဲ့ပြီး သူမရဲ့
နဂိုကတည်းက smart ဖြစ်မှုကြောင့်
တစ်လဆိုတဲ့အချိန်အတွင်း
Company မှာတစ်ခြားလူတွေကပါ
အသိအမှတ်ပြုထားကြပါပြီ။

Yoona ရဲ့ Appa ကသူ့သမီး
ရဲ့ပြောင်းလဲလာမှုကိုတစ်ခြားသူတွေ
ထက်ပိုဝမ်းသာနေကာအရင်လိုလည်း
Yoona သွားလေရာတကောက်ကောက်
သူ့လူတွေကို Shawdow မလိုက်ခိုင်း
တော့ချေ။

Yoona ကတော့အရင်လိုအချိန်ပြည့်
မအားတော့ပေမယ့်ရုံးပိတ်ရက်တွေ
တိုင်း Sooyeon ရဲ့ပြခန်းကိုသွားကာ
တစ်နေကုန် Sooyeon နဲ့ဘဲသူမအချိန်
တွေကိုကုန်ဆုံးလေ့ရှိသည်။

At Im Mansion,

Alarm ring⏰⏰⏰

အိပ်လို့ကောင်းဆဲအချိန်မှာတတီတီထ
မြည်လာတဲ့ကျယ်လောင်လှတဲ့နှိုးစက်
သံကြောင့် Yoona လန့်နိုးလာသည်။
ဒါပေမယ့် မျက်စိမဖွင့်ဘေးဘဲကုတင်ဘေး
စားပွဲပေါ်က ထအော်နေတဲ့စိတ်အနှောင့်
အယှက်ဖြစ်စရာအသံကိုလက်နှင့်စမ်း
ပြီးပိတ်လိုက်သည်။ပြီးတာနဲ့
ပြန်အိပ်ဖို့ကြိုးစားရင်းရုတ်တရက်
အတွေးထဲဝင်လာတဲ့ Sooyeon ရဲ့မျက်
နှာကြောင့်တစ်ခုခုကို သတိရသွားပြီး
အိပ်ရာထက်မှဝုန်းခနဲခုန်ထကာ
အလျင်အမြန်ရေချိုးခန်းဆီသို့ပြေးလေ
သည်။

အပေါ်ထပ်ကနေ အလျင်စလိုဆင်းလာ
တဲ့ Yoona ကို သူ့ Appa ကသတင်း
စာဖတ်နေရင်းလှမ်းကြည့်လာသည်။

"Yoon သွားစရာရှိရင်လည်းမနက်စာ
စားပြီးမှသွားပါလား"

"မစားတော့ဘူး Appa အပြင်မှာစား
ဖို့ချိန်းထားပြီးပြီမလို့၊ သွားပြီနော်
Appa"

သူ့ဖက်ကဘာမှ ပြန်မပြောရသေးမီ
အပြင်ကိုရောက်သွားပြီဖြစ်တဲ့သူ့ရဲ့
သမီးကိုကြည့်ပြီးခေါင်းတညိတ်ညိတ်
နှင့်သဘောကျနေသည်။

Yoona ပြခန်းထဲဝင်လိုက်တာနဲ့
အရင်ဆုံးမြင်လိုက်ရတဲ့ Taeny
စုံတွဲရဲ့ အသည်းယားဖို့ကောင်းတဲ့
တစ်ယောက်ပခုံးတစ်ယောက်ဖက်
ကာနှစ်ယောက်ထဲတစ်ကမ္ဘာဖြစ်နေတဲ့
ပုံစံကြောင့် ဒီလိုနေရာမှာလက်သွက်
လွန်းတဲ့ Taeyeon ကိုဘဲမနာလိုဖြစ်
နေရသည်။

My BelovedOù les histoires vivent. Découvrez maintenant