First attempt

1.5K 108 14
                                    

Yoona တစ်ယောက်အိပ်ယာထက်မှာ
ဟိုလိမ့်ဒီလိမ့်နဲ့တဝါးဝါးသမ်းကာနှိုးလာ
သည့်အချိန်ကား မနက်ခင်းဟုပင်ပြော
လို့မရတော့သည့်အချိန်ဖြစ်နေလေပြီ၊
ခါတိုင်းပုံမှန်ဆိုလျှင် သူမအဖေကမနက်
အလုပ်မသွားခင် maid တစ်ယောက်
ယောက်ကိုသူမကိုနိုးဖို့မှာခဲ့ပြီးသား၊
ဒါပေမယ့် ဒီနေ့မနက်တော့ သူမကိုနှိုးဖို့
မည်သူမှရောက်မလာ၊ အဲဒါကလည်း
သူမကို အိပ်ရေး ဝဝအိပ်စေချင်လို့
မနှိုးခိုင်းခြင်းဖြစ်ဟန်တူပါသည်။

ကျွန်မရဲ့ Appa ကဒီကမ္ဘာပေါ်မှာ
ကျွန်မရဲ့စိတ်ကိုအသိဆုံးနဲ့နားအလည်
ဆုံးလူ၊ ပြီးတော့ ကျွန်မကိုဘယ်သူမှ
မချစ်နိုင်တဲ့အချစ်မျိုးနဲ့ချစ်ပေးနိုင်သူ
ဖြစ်သည်။ ကျွန်မလည်း
ဒီကမ္ဘာပေါ်မှာ Appa ကိုချစ်တဲ့အချစ်
မျိုးနဲ့နောက်ထပ် ဘယ်သူ့ကိုမှ ချစ်နိုင်
မှာမဟုတ်ပေ။ အဲဒါကြောင့် ကျွန်မအ
ပြင်မှာနေချင်သလိုနေ ပေမယ့် Appa
ကြီးကြီးမားမားစိတ်ဆင်းရဲရမယ့်အလုပ်
မျိုးမည်သည့်အခါမှ မလုပ်ခဲ့ဖူးပါဘူး။
Appa အပေါ်မှာ သားသမီးဝတ္ထရား
မကျေပွန်နိုင်သေးတဲ့ ကျွန်မက
အနည်းဆုံး အဲလောက်တော့
သိတတ်မှ လူပီသတဲ့သူ ဖြစ်နိုင်မယ်
လို့ ကျွန်မခံယူထားပါတယ်။

ရေချိုးခန်းထဲသွားဖို့ ကုတင်ပေါ်ကနေ
ခြေချလိုက်တာနဲ့ စိတ်ထဲရောက်လာ
တဲ့အကြောင်းအရာတစ်ခုကြောင့်
ကုတင်ဘေးက စားပွဲပေါ်ကိုအကြည့်
ရောက်သွားတယ်၊ ကျွန်မထင်တဲ့အတိုင်း
အဲဒီစားပွဲပေါ်မှာ ကျွန်မလိုချင်တဲ့အရာက
ရောက်နေပြီ.......

အိမ်တော်ထိန်း Han .........ဘာ
ကြောင့် Appa က Mr.Han ကို
ယုံကြည်စွာနဲ့ ဒီအလုပ်ကိုစိတ်ချလက်ချ
ခန့်ထားတာလဲဆိုတာ သဘောပေါက်
သွားပါပြီ.........
ခပ်တိုးတိုးရေရွတ်ရင်း စားပွဲပေါ်ကအရာ
ကို လှမ်းယူပြီး ဖွင့်ကြည့်လိုက်တော့
အရင်ဆုံးမြင်ရတာက ကျွန်မ
ရေစက်ကလေးရဲ့ ဓာတ်ပုံ......
သူမက passport size ဓာတ်ပုံလေး
ထဲမှာတောင် လှရက်နိုင်လိုက်တာ
ကြည့်ပါဦး....ဒီထဲမှာလည်းအပြင်ကနဲ့
အတူတူပဲ မျက်နှာတည်ကြီးနဲ့.....
အဲဒါကပဲခင်ဗျားရဲ့ တစ်ဖက်သား
ကိုဆွဲဆောင်နိုင်တဲ့အရာတစ်ခုဖြစ်နေ
တာထင်တယ်.......
သူမပုံလေးကို သဘောကျစွာကြည့်
မိရင်း တစ်ချက်ရယ်ကာ ကျွန်မရဲ့
စိတ်အစဉ်က မနေ့ကနေ့လည်ဆီသို့........

My BelovedWhere stories live. Discover now