ကျွန်တော်အပေါ်မှာတင်ပေးထားတဲ့
ပုံကိုတစ်ချက်ဖိပြီးကြည့်ပေးကြပါ။
ပြီးရင်ဘာအရင်မြင်လဲပြောခဲ့ကြ
ကျွန်တော်ကတော့မျက်စိကအာ့နား
ကိုအရင်ရောက်တာ ၊ မျက်စိတောင်
ပြူးတယ်အာ့ကြီးမြင်ပြီးတော့😂😂↔↔↔↔↔↔↔
ဒါပေမယ့် တစ်နေရာအရောက်မှာ
အနောက်ကနေကားတစ်စီးက
ပွတ်ကာသီကာကျော်တက်လာ
ပြီးသူမတို့ကားကိုပွတ်ဆွဲမိမလို
အနေအထားကြောင့် Yoona
ကကားကိုဘေးသို့ဆွဲချလိုက်ရာ
အရှိန်မထိန်းနိုင်တော့ဘဲ
တစ်ဖက်ယဉ်ကြောကိုရောက်သွားကာ
Sooyeon ကြောက်လန့်တကြား
မျက်လုံးမှိတ်၍အော်ချလိုက်သည်။"Arrrr............."
"ကျွီ"
ကျယ်လောင်သည့်ဘရိတ်အုပ်
သံ၏နောက်မှာ ဆဲဆိုသံများက
ကပ်ပါလာပြီး Yoona ၏ခပ်သဲ့သဲ့
ရယ်သံကြောင့် Sooyeon မျက်စိ
ဖွင့်ကြည့်မိတော့ Yoona ကသူမကို
ကြောက်တတ်ရန်ကော ဟူသည့်
အကြည့်နှင့် ကြည့်နေသည်။အဲဒါကြောင့်သူမစိတ်ထဲမှာရှက်မိတဲ့
စိတ်ရော ဒေါသဖြစ်တဲ့စိတ်ပါပေါင်း
ပြီး Yoona ကိုစိတ်ရှိလက်ရှိထုရိုက်
ပစ်ချင်မိပေမယ့် အခြေအနေအရ
အဲလိုမလုပ်နိုင်ဘဲဖြစ်နေပြီး
သိပ်မကြာခင်မှာပဲ Sooyeon ၏
အော်သံကကားထဲမှဟိန်းခနဲ
အပြင်ကိုပျံ့လွင့်လာ၏။"Ya........Im Yoona!!!!!!!
You are dead!!!!!!"↔↔↔↔↔↔
ဝတ်စုံကြည့်ရမယ့်ဆိုင်ကို
ရောက်လာပြန်တော့လည်း
Yoona ကသူဝတ်မည့်ဝတ်စုံကို
သူ့ဘာသာရွေးနေသလို ကျွန်မကလည်း
စိတ်ကြိုက်ဝတ်စုံကို ကြည့်နေသည်။ကျွန်မတို့နှစ်ယောက်၏ပုံစံက
မကြာခင်လက်ထပ်တော့မည့်သူ
တွေလိုဖြစ်မနေဘဲ ဝတ်စုံရွေးနေချိန်
မှာလည်းအတူတူ တိုင်တိုင်ပင်ပင်
မရှိတော့ ဆိုင်ကဝန်ထမ်းတွေက
နားမလည်နိုင်သလို ထူးဆန်းတဲ့
မျက်လုံးတွေနဲ့ကြည့်နေကြပေမယ့်
အပြင်မှာတော့ ထုတ်ပြီးမမေးရဲကြချေ။ဆိုင်ကဝန်ထမ်းတွေ၏အကြည့်
ကိုမသိသလိုလုပ်၍ သူတို့ပြသည့်
ဝတ်စုံတွေထဲကတစ်ခုကို ရွေးယူ
လိုက်သည်။
YOU ARE READING
My Beloved
Fanfictionfic မှာပါတဲ့ Cover photo အတွက် original uploader ကို crd ပေးပါတယ်