😂😄😝😂😄

1.2K 66 16
                                    

အောက်ကအကြောင်းအရာက fic နဲ့
ဘာမှမဆိုင်ပါဘူးခင်ဗျာ၊ ကျွန်တော်ဖတ်
ခဲ့ဖူးတာတော့ကြာပါပြီ၊ အခုတစ်လော
ကမှ ကျွန်တော့် Wall ပေါ်မှာ ပြန်တက်
လာလို့ စိတ်ဝင်စားဖို့ကောင်းလို့
Readers တို့ကိုလည်းဖတ်စေချင်လို့
ရှယ်ပေးလိုက်တာပါ၊ ဖတ်ဖူးပြီးတဲ့သူ
တွေလည်းရှိမှာပါ၊ တကယ်စိတ်ဝင်စား
ဖို့ကောင်းတာမလို့ အဆုံးထိဖတ်ပေးပါ
ခင်ဗျာ၊ ပြီးရင်တော့ တစ်ခုခုပြောခဲ့ကြ
ပါဗျာ

⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐

အရပ်မြင့်မြင့် အသားဖြူဖြူ လူရည်သန့်
လူငယ်တစ်ယောက် Hotel ထဲဝင်
လာတယ်။
ကောင်တာရှေ့ရောက်တော့ ဟိုတယ်
ပိုင်ရှင် သူဌေးကိုမေးတယ်

Man - အခန်းနံပါတ် ၃၉ အားလား

Boss - အားပါတယ်ဗျ

Man - ကျွန်တော်ယူလို့ရမလား

Boss - ရတာပေါ့ဗျာ

Man - ဟုတ်ကဲ့ကျေးဇူးပါ

လူငယ်ကအခန်းထဲမဝင်ခင် အနက်
ရောင် ဓားတစ်ချောင်း၊ အပ်ချည်အဖြူ
ရောင် ၃၉ စင်တီမီတာအရှည်၊ ၇၃ ဂရမ်
အလေးချိန်ရှိတဲ့ လိမ္မော်သီး ရနိုင်မလား
လို့သူဌေးကိုမေးတယ်။
သူဌေးကလည်းရနိုင်ပါတယ်လို့သဘော
တူလိုက်တယ်။
ဒီပစ္စည်းတွေနဲ့ပတ်သက်ပြီးသူအနည်း
ငယ်အံ့ဩသွားပြီးစိတ်ရှုပ်သွားတာ
တော့အမှန်ပဲ။ လူငယ်ကိုမေးစရာတွေ
ရှိလာတယ်။
လူငယ်က အခန်းကိုသွားတဲ့လမ်း
တစ်လျှောက်ဘာစကားတစ်ခွန်းမှ
မဟဘူး။ ဒီတော့ သူဌေးကမေးဖို့
အခွင့်မသာဘူး။
အဲဒီအချိန်မှာဘဲ အခန်းနံပါတ် ၃၉
ကိုရောက်တော့ လူငယ်ကအခန်း
ထဲဝင်သွားတယ်။ သူကတော့မေး
ခွန်းတွေမမေးလိုက်ရဘဲ ကျန်ခဲ့တယ်။

ညသန်းခေါင်ယံအချိန်လောက်ရောက်
တော့ လူငယ်ရဲ့အခန်းထဲကနေ
တောနက်ကြီးထဲကလို သားရဲတိရိစ္ဆာန်
သံတွေကြားရတယ်။
ထိုင်ခုံစားပွဲတွေပစ်ပေါက်သံတွေ
ကုတင်ပွတ်ဆွဲသံတွေ၊ အော်ဟစ်
ညည်းညူသံတွေကြားရတယ်။

အဲဒီည သူဌေးအိပ်မပျော်တော့ဘူး
သူ့ခေါင်းထဲအတွေးတွေဝင်လာတယ်
အဲဒီအံ့ဩစရာကောင်းတဲ့အသံတွေ
ကဘယ်ကလာတာဖြစ်နိုင်မလဲပေါ့။
မနက်ခင်းရောက်တော့ လူငယ်က
အခန်းလာအပ်တယ်။ သော့ရတာနဲ့
သူဌေးကအခန်းကို သိချင်ဇောနဲ့
အပြေးသွားကြည့်တယ်။

My BelovedWhere stories live. Discover now