ညသန်းခေါင်ကျော် လောက်မှYoona
ခါတိုင်းလိုပဲဒီအချိန်ကသူမပြန်လာနေ
ကျဆိုတော့ ဘာအပူအပင်မှမရှိအိမ်
ထဲ အေးအေးဆေးဆေးဝင်လာတယ်၊
ဒါပေမဲ့ အိမ်ထဲဝင်ပြီးဧည့်ခန်းထဲရောက်
တော့ သူ့ Appa ထိုင်နေတာကိုမြင်ကာ
စိတ်ထဲမှာ........" သွားပြီ ဒီချိန်ကြီး Appa ကမအိပ်သေး
ဘူးဆိုတော့ ငါ့ကိုစောင့်နေတာပဲဖြစ်ရ
မယ်၊ ငါတော့ ဒီညဒုက္ခရောက်ပြီ"သူမ Appa က သူမဝင်လာတာလည်း
မြင်ရော ဒေါသထွက်နေသောအသံဖြင့်" Im Yoona ငါ့နားမှာ လာထိုင်အုံး"
Yoona မှာ သူမ နာမည်ကိုသူ့ Appa
ကအပြည့်အစုံခေါ်ကာ ပြောလာတာ
ကြောင့် နဂိုလန့်နေသောစိတ်မှာပိုဆိုး
သွားတယ်၊ သူမ Appa မှာတော်ရုံ
လောက်နဲ့ သူမနာမည်ကိုအပြည့်အစုံ
ဘယ်သောအခါမှမခေါ်ပေ၊ အဲလိုခေါ်
ပြီ ဆိုရင်လည်း တော်တော်လေးစိတ်ဆိုး
နေပြီဆိုတာ ဗေဒင်မေးစရာပင်မလိုချေ။Yoona လည်းကုပ်ကုပ်လေး သူ့ Appa
ဘေးနားမှာဝင်ထိုင်လိုက်တယ်"Im Yoona ငါမွေးထားတာမိန်းကလေး
နော်၊ မျက်နှာမှာလည်း
ဒဏ်ရာနဲ့ အရက်နံ့ကလည်းရနေသေး
တယ်၊ နင့်ကိုယ်နင် မိန်းကလေးဆိုတာ
ရောသိသေးရဲ့လား""Nae.....သိပါတယ်.... Appa"
"Aww... သိသေးတာပဲ ကိုယ့်ဘာသာ
ကိုယ်ဘာလဲဆိုတာကတော့ဟမ်......
ငါကနင်မေ့နေပြီထင်တာ"ဟုစိတ်တိုပြီးရွဲ့သလိုပြောလာလေသည်
Yoona မှာသူမ အဖေကိုမျက်နှာချိုသွေး
ကာပြုံးပြလိုက်ပြီး"Appa ကလည်း သမီးကဒီလိုနေပေမဲ့
မိန်းကလေးဆိုတာမမေ့ပါဘူး""အေးမမေ့ဘူးဆိုရင် Club သွားပြီးတော့
ယောကျာ်းတစ်အုပ်နဲ့ ရန်ဖြစ်လာတာက
မိန်းကလေးတွေလုပ်တဲ့အလုပ်လား
Im Yoona ပြီးတော့ညတိုင်းသန်းခေါင်
ကျော်မှပြန်လာတယ်၊ အရင်ရက်တွေ
တုန်းက ငါမပြောဘူးဆိုတာက ငါကိုယ်
တိုင် နင့်ကို အလိုလိုက်ထားမိလို့၊ မပြော
ရက်လို့် အဲဒါကိုနင်ကမပြောဘူးဆိုပြီး
ပိုဆိုးလာတယ်၊ နင့်ကိုယ်မှာမိန်းကလေး
နဲ့တူတာနင့်ခန္တာကိုယ်ပဲကျန်တော့တယ်
သိလား၊ ထားလိုက်တဲ့ရည်းစားကလည်း
မိန်းကလေးတွေ၊ တက်လိုက်တဲ့ Club
တွေဆိုလည်း ညတိုင်းမရိုးနိုင်ဘူး
Im Yoona နင်ဘယ်ချိန်မှ အသိတရား
ဝင်မှာလဲ"
YOU ARE READING
My Beloved
Fanfictionfic မှာပါတဲ့ Cover photo အတွက် original uploader ကို crd ပေးပါတယ်