Yoona နှင့်ကျွန်မ၏ကိစ္စကိုသတင်း
ထဲကနေသိရပြီးနောက်ကျွန်မ၏ Omma
ကအကြီးအကျယ်ဒေါသထွက်လျက်
ကျွန်မကိုသူ့ရှေ့မှာထိုင်ခိုင်းထားပြီး
ဘာစကားမှမပြောသေးဘဲဒေါသစိတ်
ကိုဖြေလျော့နေဟန်အတန်ကြာတိတ်
ဆိတ်နေသည်။၁၀ မိနစ်ခန့်ကြာပြီးနောက်မှ အနည်း
ငယ်စိတ်ပြေသွားပုံနှင့်ကျွန်မကိုစကား
စလာသည်။"Sooyeon သတင်းထဲကအကြောင်း
ကိုတော့သိပြီးသားမို့ဘာမှမပြောချင်
တော့ဘူး၊ နင်နဲ့ အဲဒီကောင်မလေး
ကိုငါလုံးဝလက်မခံနိုင်ဘူး၊ အဲဒါငါ့
ဘက်ကသဘောထားပဲ""Yoona ကို Omma ကဘာကြောင့်
သဘောမကျရတာလဲဆိုတဲ့အကြောင်း
ကိုသမီးသိချင်တယ်၊သူကမိန်းကလေး
ဖြစ်နေလို့လား Omma""ငါသဘောမတူဘူးဆိုတာကသူ
မိန်းကလေးဖြစ်နေလို့ဆိုတာနဲ့မဆိုင်
ပါဘူး""ဒါဆိုဘာကြောင့်လဲ၊ သမီးလက်ခံ
လို့ရတဲ့အကြောင်းပြချက် Omma
ဆီကကြားချင်တယ်၊ မဟုတ်ရင်
သမီးကလည်းဒီအတိုင်းလမ်းခွဲဖို့
ဆိုတာမဖြစ်နိုင်ဘူး""Omma သူ့ကိုမယုံဘူး၊ သမီးကို
သူတစ်သက်လုံးပျော်ရွှင်အောင်လုပ်
ပေးနိုင်မယ်လို့ထင်နေတာလား၊
သူ့နောက်မှာအထင်ကြီးလောက်
စရာငွေကြေးချမ်းသာမှုတွေရှိတာ
မှန်ပေမယ့်အဲဒီအရာတွေကသူ့အရည်
အချင်းနဲ့မသက်ဆိုင်ဘူး၊ သူ့Appa
ကိုလေးစားတာမှန်ပေမယ့်အဲ့ထဲမှာ
Im Yoona မပါဘူးသမီး၊ Omma
ဘယ်လိုမှအထင်မကြီးနိုင်တဲ့သူတစ်
ယောက်ကို သမီးရဲ့ဘဝလက်တွဲ
ဖော်အဖြစ် Omma လက်မခံနိုင်ဘူး""ဒါပေမယ့်သမီးအတွက်ကတော့
Yoona က Yoona မလို့အခု
Omma ပြောတဲ့အကြောင်းအရာ
တွေမရှိလည်းသမီးရဲ့လက်တွဲဖော်
အဖြစ်သူ့ကိုရွေးချယ်ဦးမှာပဲ၊ သူနဲ့
လမ်းမခွဲနိုင်ဘူး Omma""Sooyeon နင်ကတစ်သက်လုံး
ပြောသမျှနားထောင်ခဲ့ပြီးမှ သူ့
အတွက်နဲ့မိဘစကားကိုနားမထောင်
ဘဲဆန့်ကျင်မလို့လား၊ Omma
သူ့ကိုလုံးဝလက်မခံနိုင်ဘူး""Omma သူ့ကိုအပေါ်ယံကြည့်
ပြီးလက်မခံနိုင်ဘူးမပြောပါနဲ့၊
သမီးကိုအခွင့်အရေးပေးပါ၊ သူ့ဆီမှာ
Omma မသိသေးတဲ့အရည်အချင်း
တွေရှိတာမလို့၊ အဲဒါကိုသက်သေပြ
ဖို့သမီးကိုအခွင့်အရေးပေးပါနော် Omma"
YOU ARE READING
My Beloved
Fanfictionfic မှာပါတဲ့ Cover photo အတွက် original uploader ကို crd ပေးပါတယ်