Seoul မြို့၏မဟူရာလမ်းမထက်မှာ
အသစ်စက်စက်မင်္ဂလာမောင်နှံကို
တင်ဆောင်လာသည့် အနက်ရောင်
ကားလေးတစ်စီးက သူတို့နှစ်ဦး၏
ချစ်စံအိမ်ဆီသို့ ဦးတည်ပြေးလွှားလျက်
ရှိသည်။ကားထဲ၌ အခုမှ ပူပူနွေးနွေးနားလည်မှု
ရထားတဲ့ လင်မယားနှစ်ယောက်.....Yoona က Sooyeon ပခုံးကိုဖက်လျက်
သူမရင်ခွင်ထဲမှာထည့်ထားပြီး အားနေတဲ့
လက်နဲ့ Sooyeon ၏လက်ဖဝါးကိုထပ်
လျက်ဆုပ်ကိုင်ထားသည်။Sooyeon ကလည်းYoona ရင်ခွင်
ထဲ၌မျက်နှာအပ်၍အိပ်ပျော်သွား
ပြီလားထင်ရအောင် ငြိမ်သက်စွာ
ရှိနေသည်။Yoona ကသူမရင်ခွင်ထဲမှာငြိမ်နေတဲ့
Sooyeon မျက်နှာကိုငုံ့ကြည့်၍
တိုးတိုးလေးခေါ်လိုက်လေသည်။"Unnie....Unnie...အိပ်နေတာလား"
"Arni...မအိပ်ပါဘူး...ခဏမှေးနေတာ"
Yoona ကိုမှီထားရာကနေမထဘဲ
မျက်စိမှိတ်ထားလျက်နဲ့ ပြန်ဖြေ
လိုက်သည်။"အဲဒါဆိုလည်းမျက်စိလေးဖွင့်ပါဦး
တော်ကြာတကယ်အိပ်ပျော်သွား
လိမ့်မယ်"Sooyeon ကသူမနှုတ်ခမ်းကို
အနည်းငယ်ဆူလိုက်ပြီး...."အိပ်ပျော်သွားတော့ ဘာဖြစ်လဲ
Yoon ရဲ့ရင်ခွင်ကနွေးနေတာကို
အိပ်ချင်တာပေါ့""Unnie ကလည်းနှုတ်ခမ်းကြီးဆူမနေပါ
နဲ့၊ Yoon ကမအိပ်စေချင်လို့ပြောတာ
မဟုတ်ပါဘူး၊ အခုကညနေစောင်း
နေပြီလေ၊ အခုချိန်အိပ်လိုက်တော့
ညကျအိပ်မပျော်ဘဲနေရင်ဘယ်လို
လုပ်မလဲ၊ Yoon ကစေတနာနဲ့ပြော
တာကိုစိတ်ဆိုးဖို့ကအရင်"Yoona ရဲ့အသံကစိတ်မရှည်တော့တဲ့ပုံ
နည်းနည်းပေါက်သွားတာမလို့Sooyeon
ကအခုမှတကယ်စိတ်ဆိုးသွားသလို
Yoona ရင်ခွင်ထဲကနေဆတ်ခနဲထလျက်
မျက်စောင်းလှမ်းထိုးလိုက်ပြီး"ဘာလဲ အခုမှယူပြီးတာကိုဒါလေး
တောင်စိတ်မရှည်ဘူးပေါ့ဟုတ်လား""အာ.....Unnie ကလည်းYoon က
ဒီအတိုင်းပြောလိုက်တာပါ ဘာဖြစ်လို့
စိတ်မရှည်ရမှာလဲ၊ Unnie နဲ့ဆိုရင်
Yoon စိတ်ကလေရှည်လွန်းလို့
ရှည်.......ရှည်.....နဲ့တောင်မြည်နေသေး
တယ်"