ပြက္ခဒိန်မှာတော့ ရက်ရာဇာလား၊
ပြဿဒါး လားမသိပေမယ့် ကျွန်မအတွက်
ကတော့ တကယ်ကိုကံမကောင်းတဲ့
နေ့ပါပဲ၊ မနက်စောစောစီးစီး Omma
ကလက်ထပ်ပေးမယ့်ကိစ္စနဲ့ပတ်သက်
ပြီး ကျွန်မကိုလာပြီးစကားနှိုက်တယ်လေ
ရည်းစားမရှိဘူးလား၊ ရှိရက်တဲ့ဖုံးထား
တာလား .....စုံလို့စုံလို့ ကျွန်မခေါင်းရူပ်
လာတဲ့အထိကို တတွတ်တွတ်ပြော
နေတာမို့ မနက်စာတောင်ဘယ်နားက
ဝင်သွားမှန်းမသိပဲ Omma နားကနေ
မြန်မြန်လွတ်ရင်ပြီးရော ထွက်လာခဲ့ရ
တယ်၊ ဒါနဲ့လည်းစိတ်ရူပ်စရာကမပြီးသေး
ခါတိုင်း ပြခန်းကိုသွားရင် လမ်းမှာ မီးပွိုင့်
မိရင်အလွန်ဆုံးနှစ်ခုလောက်ပဲမိနေကျ
ဒီနေ့တော့ ကျွန်မကိုများရွှဲ့နေသလား
မှတ်ရလောက်အောင် လမ်းမှာရှိသမျှ
မီးပွိုင့်အကုန်မိခဲ့တာ၊ ခါတိုင်းဆယ့်ငါး
မိနစ်လောက်ခရီးက တစ်နာရီလောက်
ကြာသွားခဲ့ရတယ်၊ အဲဒါကြောင့်စော
စောစီးစီးစိတ်ရူပ်ရမယ့်ကိစ္စမကြုံချင်
တာ၊ အဲလိုစိတ်ရူပ်ရပြီးရင် တစ်နေကုန်
ဘာလုပ်လုပ်အဆင်မပြေသလိုခံစား
ရတယ်၊ 'Sooyeon.....Sooyeon
နင်လည်းကျောင်းတက်တုန်းကသာ
ချစ်သူတစ်ယောက်လောက်ရှာခဲ့ရင်
အခုလိုဖြစ်နေရမှာမဟုတ်ဘူးကိုယ့်
အပြစ်နဲ့ကိုယ်ခံပေါ့ကွယ်.......' အပြစ်တင်မယ်ဆိုရင်လည်းဘယ်သူ့ကို
အပြစ်တင်ရမှန်းမသိတာကြောင့် ကိုယ့်ဘာသာကိုယ်ပဲအပြစ်တင်နေမိ
သည်။ နောက်ဆုံးတော့
ဒီနေ့တစ်နေ့လုံးစိတ်ညစ်စရာတွေ
ထပ်မကြုံဖို့ ဆုတောင်းရင်းနဲ့ပဲ ပြခန်း
ကိုဘယ်လိုရောက်လာမှန်းမသိလိုက်ချေ။်ကျွန်မရဲ့ပြခန်းက ပြခန်းလို့သာပြော
တာ ကျွန်မကနာမည်ကြီးပန်းချီဆရာမ
လည်းမဟုတ်တာကြောင့် ကြီးကြီး
ကျယ်ကျယ်ကြီးဖွင့်ထားတာမျိုးမဟုတ်
ဘဲ သာမန်လောက်ပဲဖွင့်ထားတာပါ၊
ကျွန်မရဲ့ပြခန်းမှာ တစ်ခြားနာမည်ရှိ
တဲ့ပန်းချီဆရာတွေရဲ့ ပန်းချီတွေကို
လည်းပြသထားပါတယ်ပြခန်းကိုရောက်တော့ သူငယ်
ချင်းလည်းဖြစ်၊ ပန်းချီပြခန်းမှူးလည်း
ဖြစ်တဲ့ Fany တစ်ယောက်ပဲရှိပါတယ်
ကျွန်မလာတဲ့အချိန်ကစောလွန်းနေသေး
တာကြောင့် တစ်ခြားဝန်ထမ်းတွေတော့
မရောက်သေးပေ၊ ဝန်ထမ်းဆိုလို့အများ
ကြီးတော့မဟုတ်ပါဘူး၊ လုံခြုံရေးအတွက်
လုံခြုံရေးမှူးတစ်ယောက်ရယ်၊ သန့်ရှင်း
ရေးဝန်ထမ်းရယ်၊ fany ကိုကူဖို့မိန်းက
လေးတစ်ယောက်ရယ် ဒါပဲရှိတာပါ
YOU ARE READING
My Beloved
Fanfictionfic မှာပါတဲ့ Cover photo အတွက် original uploader ကို crd ပေးပါတယ်