Reconciliation

1.4K 127 22
                                    

At Jung Mansion,

Sooyeon မနက်အိပ်ရာနိုးလာတာနဲ့
အတွေးထဲဝင်လာမိတာက ဒီနေ့
တော့ပြခန်းကိုသွားမယ်ဆိုတဲ့စိတ်ကူး၊
Im Yoona နဲ့ကိစ္စဖြစ်ပြီးကတည်းက
ကျွန်မလည်း ပန်းချီဆွဲဖို့စိတ်ထည့်လို့မရ
ပြခန်းကိုလည်းမသွားချင်တာကြောင့်
မိဘတွေကို နေမကောင်းဖြစ်ချင်နေလို့
ဆိုတဲ့အကြောင်းပြချက်ပေးပြီး အိမ်ထဲ
မှာပဲအောင်းနေတာဒီနေ့ဆိုရင်တစ်ပတ်
ပြည့်သွားပါပြီ။ ဒီနေ့တော့ အိမ်မှာပဲမနေ
ချင်တော့တာကတစ်ကြောင်း၊ ဘယ်လို
ဘဲသူငယ်ချင်းဖြစ်ဖြစ် Fany အပေါ်မှာ
လည်းအားနာမိတာကြောင့် ပြခန်းကို
ခဏသွားကြည့်ဖို့စိတ်ကူးလိုက်မိသည်။

အပြင်သွားဖို့အကုန်ပြင်ဆင်ပြီး
အောက်ဆင်းလာတော့
ဧည့်ခန်းမှာထိုင်နေတဲ့ Omma က
ကျွန်မကို သူ့ရှေ့မှာချထားတဲ့ ပန်းစည်း
ကြီးကိုလက်ညှိုးထိုးပြပြီး.....

"Sooyeon ဒီမှာပန်းစည်းလာယူ"

Omma ကအစမရှိအဆုံးမရှိပန်းစည်း
လာယူဆိုတော့ ကျွန်မရုတ်တရက်
ကြောင်သွားကာ.....

"ပန်းစည်းနဲ့ သမီးကဘယ်သွားရမှာ
လဲ Omma ၊ ဘာပွဲရှိလို့လဲ"

" ဘာပွဲမှမရှိဘူး၊ ပန်းစည်းကနင့်
ဟာလေ၊ ခုနက deliveryသမားကလာပို့
သွားတာ၊ Jung Sooyeon အတွက်ပါ
ဆိုပြီးတော့"

Omma ရဲ့စကားကြောင့် ကျွန်မလည်း
ဇဝေဇဝါဖြစ်ပြီး ပန်းစည်းကိုယူကြည့်
မိတယ်၊ပန်းစည်းကStar of bethlehem
အမျိုးအစားတစ်မျိုးတည်းသာပါပြီး
ပန်းကြားမှာ Card တစ်ခုကိုပါတွေ့
လိုက်မိတာကြောင့် Omma ကိုမရည်
ရွယ်ဘဲကြည့်လိုက်မိသည်။

Omma က ကျွန်မရဲ့အကြည့်ကို
ဘယ်လိုဘာသာပြန်လိုက်လဲတော့
မသိချေ။ ကျွန်မရဲ့အကြည့်ကိုမြင်တော့
ချက်ချင်း.....

"ငါ့ကို လာမကြည့်နဲ့ Sooyeon
ကတ်ထဲပါတာကို ငါမကြည့်ဘူး
နော်"

"Omma ကလည်းသမီးက ဘာပြော
နေလို့လဲ"

"ငါနင့်ကိုမွေးထားတာပါနော်၊ နင့်
အကြည့်ကိုနားလည်တယ်၊ ငါက
အမေဆိုပေမယ့် သားသမီးရဲ့ကိုယ်
ရေးကိုယ်တာကိစ္စကို အဲလောက်ထိမ
စွက်ဖက်ပါဘူး၊ ငါပန်းစည်းပဲယူထား
ပေးတာ၊ ကျန်တာဘာမှမထိဘူး"

My BelovedHikayelerin yaşadığı yer. Şimdi keşfedin