To All Readers

1.5K 88 10
                                    


ကျွန်တော့်ကို စာဖတ်သူတို့ရဲ့
အချိန် ၁ မိနစ်လောက်လေးအပို
ပေးပြီးတော့ဒီစာလေးကို
ပြီးအောင်ဖတ်ပေးပါလို့
အရင်တောင်းဆိုပါရစေ။

Fic လည်းပြီးပြီဟာကို ဒီလူကြီး
ဘာတွေအရစ်ရှည်ဦးမယ်မသိဘူးလို့
တွေးနေမယ်ဆိုတာလည်းသိပါတယ်။

ဒါပေမယ့် အောက်ကရေးထားတဲ့
စာကိုတော့ အရစ်ရှည်တယ်၊
အပိုတွေလုပ်နေတယ်၊
လို့မမြင်စေချင်ပါဘူး။

ဒီထဲမှာကျွန်တော့်ရဲ့တကယ့်
စိတ်ရင်းအမှန်တွေကို ရိုးသားစွာ
ရင်ဖွင့်တယ်လို့ သဘောထားပေးပါ။

အရင်ဆုံးပြောချင်တာက
ကျွန်တော်က ကိစ္စတစ်ခု
ကြုံလာရင်အဆိုးချည်းပဲ
မတွေးပါဘူး။

အဲဒီကြုံလာတဲ့ကိစ္စတွေထဲမှာမှ
ကောင်းတဲ့ဘက်ကနေလည်း
အမြဲတမ်းတွေးပါတယ်။
အဲဒါက တကယ်ကို
ကျွန်တော့်အတွက် အများကြီး
အကျိုးဖြစ်စေတယ်ခင်ဗျာ။

စာဖတ်သူတို့အတွက်
အထူးသဖြင့် SONE
တွေအတွက်အခုရက်ပိုင်းဟာ
အိပ်မက်ဆိုးလို ကာလမျိုးဖြစ်နေမယ်
ဆိုတာသိလို့ နည်းနည်းလေးဖြစ်ဖြစ်
စိတ်သက်သာလိုသက်သာငြား
ကျွန်တော်ကျင့်သုံးတဲ့နည်းကို
မျှဝေတာပါ။

Fic နဲ့မဆိုင်တာတွေပြောနေတာနဲ့ပဲ
စာရှည်သွားတော့မှာမလို့
ကျွန်တော်တကယ်ပြောချင်တဲ့
အကြောင်းကို စပြောလိုက်
ပါတော့မယ်။

ကျွန်တော့်ရဲ့ My Beloved fic
လေးဟာ စာဖတ်သူတို့၏ဝိုင်းဝန်း
အားပေးမှုကြောင့် ဇာတ်သိမ်းထိ
ရောက်လာခဲ့တာပါ။

ကျွန်တော် ဒီFic ကိုစရေးတုန်းက
ရေးချင်လွန်းလို့သာ ရေးလိုက်တာပါ
ဒီလိုမျိုးဖတ်ပေးမဲ့သူ၊ comments
ပေးမဲ့သူ၊ vote လုပ်ပေးမဲ့သူတွေ
ရှိမယ်လို့တောင်မစဉ်းစားခဲ့ဖူးပါဘူး။

အဲဒီလိုမစဉ်းစားခဲ့ပေမယ့်
စာဖတ်သူတို့က ကျွန်တော့်ရဲ့ Fic
ကိုအလေးထားပြီးဖတ်ပေးခဲ့တာ
ကိုမြင်လာရတော့ အားတွေအများ
ကြီးတက်ခဲ့ရပြီး ဒီလိုမျိုးအပြီးထိ
ရေးနိုင်ခဲ့တာပါခင်ဗျာ။

ကျွန်တော့်အတွက်
စာဖတ်သူတစ်ယောက်ချင်းစီရဲ့
Feedback ဟာအရေးကြီးသလို
အလေးလည်းထားပါတယ်။
အဲဒါကြောင့် စာဖတ်သူတို့ရဲ့
ဆန္ဒကိုအတတ်နိုင်ဆုံး ဖြည့်ဆည်း
ပေးနိုင်အောင်ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့်တစ်ချို့ဆန္ဒလေးတွေကိုတော့
ကျွန်တော့်ရဲ့ချို့ယွင်းချက်ကြောင့်
ဖြစ်ဖြစ်၊ ကျွန်တော့်ရဲ့မပြည့်ဝမှုကြောင့်
ဖြစ်ဖြစ် မဖြည့်ဆည်းပေးနိုင်တာကိုလည်း
တောင်းပန်ပါတယ်ခင်ဗျာ။

ဒီFic မှာလည်းစာဖတ်သူတို့ကို
စိတ်ကျေနပ်မှုအပြည့်အဝမပေး
နိုင်ခဲ့တာတွေရှိပါတယ်။

အထူးသဖြင့်
နောက်ဆုံးဇာတ်သိမ်းမှာ စာဖတ်သူတို့
ဖြစ်စေချင်တာကိုမရေးပေးနိုင်လို့
တကယ်အားနာပါတယ်။

တစ်တက်စားလည်းကြက်သွန်ဖြူ
နှစ်တက်စားလည်းကြက်သွန်ဖြူ
ဖြစ်ပေမယ့် ဒီFic ကိုအတတ်နိုင်ဆုံး
Pure ဖြစ်စေချင်လို့ + အခန်းကို
သေသေချာချာမထည့်ပေးခဲ့တာပါ။
အဲဒီအတွက် ကျွန်တော့်ကို
နားလည်ပေးမယ်လို့ထင်ပါတယ်။

ဟိုးအစကနေ ဒီဇာတ်သိမ်းထိကို
အားပေးခဲ့ကြတဲ့ စာဖတ်သူအားလုံး
ကိုကျွန်တော် တကယ်လှိုက်လှိုက်
လှဲလှဲကျေးဇူးတင်တာပါ။

ဒီfic ကိုအားပေးသလိုမျိုး
အခုလက်ရှိရေးလက်စ fic
တွေကိုလည်းဖတ်ပေးမယ်ဆိုရင်
အတိုင်းမသိဝမ်းသာရမှာပါ။
ပြီးတော့ ကျွန်တော့်ရဲ့လိုအပ်ချက်
တွေကိုလည်း comments box
မှာဖြစ်ဖြစ်၊ private message
မှာဖြစ်ဖြစ်အားမနာတမ်းဝေဖန်
အကြံပြုနိုင်ပါတယ်။

အကောင်းပြောသည်ဖြစ်စေ၊
အဆိုးပြောသည်ဖြစ်စေ.....
အကြံပြုချက်အားလုံးကို
ကျေကျေနပ်နပ်လက်ခံမှာပါ။

ရှေ့ဆက်ပြီးလည်း ကျွန်တော့်ရဲ့
OTP ထဲကတစ်ယောက်ယောက်
တရားဝင်လက်မထပ်မချင်း
အကောင်းဆုံးကြိုးစားပြီး
Fic တွေရေးသွားမှာပါ။

I will try my best.

I will try my best

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

♒Sblvz♒

My BelovedWhere stories live. Discover now