Our Fate

1.1K 123 33
                                    


"Fany....ya.....Fany.....miahae"

"ဖယ်......လွှတ်.....လိုက်မလာနဲ့"

လူအသွားအလာများလှသည့်
လူသွားလမ်းပေါ်မှာ ရှေ့ကသွား
နေသည့်ကောင်မလေး၏လက်ကို
အနောက်ကမိန်းကလေးက
အသည်းအသန်လိုက်ဆွဲ၍
တောင်းပန်နေသည့်မြင်ကွင်းကို
ပတ်ဝန်းကျင်ကလူတွေအားလုံးက
ကွက်ကြည့်ကွက်ကြည့်နှင့်
တီးတိုးပြောနေကြသည်။

Tae တစ်ယောက်လူတွေ၏အကြည့်
ကိုလည်းစိတ်မဝင်စားနိုင်ဘဲ
စိတ်ဆိုးမာန်ဆိုးအရှေ့ကနေ
ဘောက်ဆတ်ဘောက်ဆတ်သွား
နေသည့် Fany စိတ်ဆိုးပြေရေးကို
ပဲအာရုံရှိလျက် အနောက်ကနေ
ထပ်ကျပ်မကွာ မပြေးရုံတမယ်
လမ်းလျှောက်လျက်လိုက်လံ
တောင်းပန်နေသည်။

ဒီဇာတ်လမ်း၏ အစကတော့
မင်္ဂလာပွဲကမနက်ဖြန်ဆို
ရောက်နေပြီဖြစ်ပေမယ့်
အခုထိYoona ကဘယ်ဆီနေတယ်
မသိသေး၍ Sooyeon ကတမှိုင်မှိုင်
ဖြစ်နေသည်ကို သူမ၏ချစ်သူ
Fany ကမကြည့်ရက်နိုင်ဘဲ
သူ့ ဘက်လှည့်လာကာ
မသင်္ကာသလို စစ်မေးခြင်းက
စတင်ခဲ့ခြင်းဖြစ်သည်။

Taeyeon သူလည်း Yoona ၏
သူငယ်ချင်းဖြစ်ပေမယ့်
အခုတစ်ခေါက်မှာ Yoona ဘာကိစ္စနဲ့
ဘယ်ကိုထွက်သွားသည်ဆိုခြင်းကို
သူကိုယ်တိုင်မသိရိုးအမှန်ပါ။

အဲဒါကို သူ ဘယ်လိုပြောပြပြောပြ
Fany ကမယုံဘဲ Yoona ဘယ်မှာ
ရှိသလဲဆိုတာကို ထပ်ခါတလဲလဲ
မရမကလိုက်မေးလေ၏။

ကြာလာတော့ Taeyeon လည်း
စိတ်တိုလာပြီးလွှတ်ခနဲမထိန်းလိုက်
နိုင်ဘဲ.......

''အဲလောက်သူငယ်ချင်းအတွက်
စိတ်ပူနေရင် Yoona နေရာမှာ
ဝင်ပေးလိုက်''

ဟုပြောလိုက်မိသည်။

ဒေါသဖြစ်နေတုန်းက
လွှတ်ခနဲပြောလိုက်မိပေမယ့်
ပြောပြီးမှ သူမလွန်သွားမှန်း
သိလိုက်၍ ပြန်တောင်းပန်ပေမယ့်
Fany ကလက်မခံ သူမကို
အဲဒီလိုပြောရကောင်းလားဆိုပြီး
အကြီးအကျယ်စိတ်ဆိုးပါတော့သည်။

မကြီးမငယ်နှင့် လူသွားလမ်းပေါ်မှာ
စိန်ပြေးတမ်းကစားသလိုဖြစ်နေရာမှ
တစ်နေရာအရောက်မှာတော့
Fany ကရုတ်တရက်ရပ်လိုက်ကာ
Taeyeon ဘက်လှည့်လိုက်၏။

My BelovedWhere stories live. Discover now