Misunderstand

1.2K 122 21
                                    


သူမတို့နှစ်ယောက်၏ မင်္ဂလာပွဲကို
နောက်ထပ်နှစ်ပတ်နေရင်လုပ်ဖို့
သတ်မှတ်ခဲ့ပေမယ့် အဲဒီနေ့ကစပြီး
Sooyeon ကိုဖုန်းလည်းမဆက်
သွားလည်းမသွားတွေ့ဘဲ အလုပ်တွေချည်းလုပ်နေခဲ့သည်။

သူမ Appa ကသွားတွေ့ဖို့ပြောလာ
ရင်လည်းအလုပ်များနေသည်ဟု
အကြောင်းပြ၍ မသိချင်ယောင်
ဆောင်ခဲ့၏။

အခုဆိုရင်ဘာလိုလိုနဲ့သူတို့၏
မင်္ဂလာပွဲနေ့ကိုရောက်ရန် တစ်ပတ်
ပဲလိုပါတော့သည်။ နောက်ထပ်
တစ်ပတ်ပြီးတာနဲ့ သူမလူတစ်ယောက်
ကိုလက်ထပ်ရတော့မည်။

အဲဒီအတွက်လည်းသူမတွေးမိတိုင်း
ရင်ခုန်နေရသည်။ Sooyeon Unnie
ကတော့ထင်မည်။ သူမကသူ့ကို
မချစ်ဘဲမသက်သာလို့သာ
လက်ထပ်ခြင်းဖြစ်သည်ဟုပေါ့။
သူမကိုယ်တိုင်ကလည်း အဲဒီလို
ထင်အောင်လုပ်ခဲ့သည်လေ။

ဒါပေမယ့်ဒီလက်ထပ်ပွဲကိုသူမ
လက်ခံခဲ့ခြင်းက Appa ၏ဖိအား
ပေးမှုကြောင့်မဟုတ်ဘူးဆိုတာ
သူမကိုယ်တိုင်ပဲသိပါသည်။

Im Yoona ဆိုတဲ့ကျွန်မက
Jung Sooyeon ကြောင့်ပဲရင်ခုန်
တတ်ခဲ့တာပါ။ သူမကိုပိုင်ဆိုင်ရဖို့
ဆိုတာက ကျွန်မရဲ့အကြီးမားဆုံး
ဆန္ဒတစ်ခုပါပဲ။

ကျွန်မသူမကိုဘယ်လောက်ချစ်တယ်
ဆိုတာ အခုချိန်မှာသူမသိအောင်
ထုတ်ပြောဖို့အစီအစဉ်မရှိပေ။
သူမသိဖို့လည်းမလိုအပ်ဘူးဟု
ထင်ပါသည်။
အရေးကြီးဆုံးက သူမကိုချစ်တယ်
ဆိုတာ ကိုယ့်ကိုယ်ကိုသိနေရုံနဲ့
လုံလောက်သည်လေ။

သူမဘက်ကတော့သေချာပါသည်။
ကျွန်မကိုမုန်းနေမှာ၊ လက်ထပ်ပွဲကို
လည်း သူမOmma ကြောင့်သာ
လက်ခံခဲ့ခြင်းဖြစ်သည်ဆိုတာကိုပေါ့။

အဲဒီအတွက်ကျွန်မနည်းနည်းတော့
စိတ်မကောင်းဖြစ်မိပေမယ့်
ကြီးကြီးမားမားတော့စိတ်မထိခိုက်
နေပါဘူး။ ကျွန်မလက်ခံထားတဲ့
အချစ်က ကိုယ်ချစ်ရတဲ့သူကို
ကိုယ့်ဘေးနားမှာအမြဲတမ်းမြင်နေရ
ဖို့ပါပဲ။ အဲဒါကြောင့်သူမက ကျွန်မကို
မချစ်ဘူးဆိုရင်လည်း ကျွန်မကပဲချစ်
နေရင်ပြီးပြီပေါ့။ လူတွေပြောပြော
နေကြသည့် one sided love က
မကောင်းဘူးဆိုတဲ့စကားကို
ကျွန်မလက်မခံနိုင်ဘူး။

My BelovedWhere stories live. Discover now