One Month Anni (TaeNy)

1.4K 112 13
                                    

ဒီအပိုင်းက Taeny readers တွေ
အတွက်ရေးပေးထားတာပါ။
အဆွိလွန်သွားလို့
18+ နည်းနည်းပါသွားပါသည်။
Warning တော့မပေးတော့ပါဘူး။
ပေးလည်းဖတ်မယ်ဆိုတာသိပါသည်။
မဖတ်ချင်ရင်ကျော်ဖတ်ပါခင်ဗျာ
အရေးအသားရိုင်းသွားရင်လည်း
Taeny လွှတ်ကြပါကုန်။

---------------------------------------------

ဆိုင်တစ်ခုလုံးကို dim light မှိန်မှိန်
လေးထွန်းထားပြီး သူမကြိုက်တဲ့
ဝိုင်ကိုလည်းပြင်ဆင်ပေးထားကာ
စားပွဲအလယ်မှာဖယောင်းတိုင်
တစ်တိုင်ထွန်းထားသည်။ ဒီလိုမျိုး
candle dinnerကိုပြင်ဆင်ပေးတဲ့ သူမရှေ့မှာထိုင်နေသည့် Tae ကိုချစ်မြတ်နိုးစွာကြည့်မိသည်။

"Tae dinner အတွက် Gomawow
ပြီးတော့ Saranghae"

"Never mind Fany Ya.....
Tae က Fany ကိုဒီထက်ပိုလုပ်
ပေးချင်တာ၊ Tae ရဲ့အချစ်ကို
ယုံကြည်ပြီးလက်ခံပေးတဲ့ Fany
ကြောင့် Tae ဘဝမှာပျော်ရွှင်မှုဆို
တာဒီလိုပါလားဆိုပြီးခံစားခဲ့မိတာပါ
Tae တို့နှစ်ယောက်ရှေ့ဆက်ပြီးလည်း
ဒီထက်ပိုပျော်ပျော်ရွှင်ရွှင်နေသွားမယ်
Saranghae"

Taeyeon ကပြောပြီးတာနဲ့ထိုင်နေ
ရာကနေ Fany နားကိုလျှောက်လာပြီး
လက်ထဲမှာကိုင်လာတဲ့ လက်စွပ်ကို
Fany ရှေ့မှာပြ၍

"လက်ထပ်ဖို့ဆိုတာကစောနေသေး
မှန်းသိပါတယ်၊ ဒါပေမယ့် Fany
ကိုစိတ်မချလို့၊ Fany ကပိုင်ရှင်ရှိ
ပြီးသားဆိုတာ ဒီလက်စွပ်လေးနဲ့
သတ်မှတ်ခွင့်ပြုနိုင်မလား"

Fany ကခေါင်းညိတ်ပြီးသူမလက်ကို
ထုတ်ပေးလိုက်တာနဲ့ Tae ကလက်
စွပ်ကိုစွပ်ပေးလိုက်သည်။ အဲဒီအချိန်
မှာလူတစ်ယောက်က တယောကိုင်
ကာထွက်လာပြီးသူမတို့စားပွဲဘေး
မှာလာရပ်၍ Lyn ၏ My Destiny
သီချင်းကိုတီးခတ်ပေးလေသည်။

[သိမှာပါအဲ့သီချင်းကိုစာသားမရေးပြ
တော့ဘူး၊ You who came from
the star ရဲ့ OST Song]

Tiffany ကတော့သူမကိုအရမ်းချစ်ပြီး
သူမဖြစ်ချင်တာမှန်သမျှအကုန်လိုက်
လျောပေးသည့် Taeyeon ကိုလက်
လွှတ်မပေးနိုင်အောင်ချစ်မိနေပါပြီ။
ပြီးတော့ သူမတို့ရဲ့အမှတ်တရနေ့
ကိုလည်းဒီလိုမျိုးဂရုတစိုက်ပြင်ဆင်
ပေးသည့် Taeyeon ကိုကျေးဇူးလည်း
တင်မိသည်။Taeyeon ကအခုချိန်သူမ
ကိုလက်ထပ်ခွင့်တောင်းရင်တောင်
ခေါင်းညိတ်မိမယ်ထင်ပါသည်။

My BelovedWhere stories live. Discover now