Part-1

17.1K 548 74
                                    

ကုတင်ပေါ်မှာအိပ်နေတဲ့ ကွေးကွေးလေးအိပ်နေတဲ့ ကလေးကို ကျွန်မသေချာကြည့်နေမိတယ်။ ပိတ်ထားတဲ့ ဒီမျက်ခွံမို့မို့လေးတွေရဲ့အောက်မှာ မမာမာအောင်လုပ်ယူထားတဲ့ ကလေးရဲ့အကြည့်တွေရှိတာသိတယ်.
မဟော်ဂနီရောင် နီကြောင်ကြောင်ဆံပင်တွေက နုဖတ်နေတဲ့ကလေးမျက်နှာကို ခပ်ဆိုးဆိုးအသွင်ဖြစ်အောင်တမင် အားဖြည့်ပေးနေသည့်အလား။

ကျွန်မသဘောမကျတဲ့ဟာတွေကိုမှ ရွေးလုပ်တက်သည့်ကလေး။ကျွန်မစိတ်ဆင်းရဲရင် ကျေနပ်တယ်တဲ့လား။မုန်းတာထက်ကို ပိုမုန်းသည်တဲ့လား။

ကလေးဒီလိုစိတ်ဒဏ်ရာရနေတာ
ကျွန်မဆိုတဲ့ ကင်ထယ်ယွန်းရဲ့အပြစ်လည်းမကင်း။ကလေးရဲ့အမေကို အဖေကကြင်ကြင်နာနာသာ ဆက်ဆံခဲ့ရင် ကလေးဒီလိုဖြစ်လာမှာမဟုတ်ဘူးဟိုးငယ်ငယ်တုန်းက ကလေးအမေကို ကျွန်မအ‌ဖေကရိုက်ရင် သူ့သွားချွန်ချွန်တွေကို ကျွန်မပုခုံးပေါ်မှာ နစ်ဝင်အောင်ကိုက်ပြီးငိုမြဲ။ပြီးတော့ သူ့အမေကိုနှိပ်စက်တဲ့ သူ့ပထွေးရဲ့သမီးဖြစ်တဲ့ ကျွန်မကိုသူအရမ်းမုန်းတယ်ဆိုတာကလည်း ငြင်းမရတဲ့အမှန်တရားတစ်ခု။

နင်တို့နဲ့ဆုံရတာ ရေစက်ဆိုးပဲလို့ ကလေးအမြဲပြောလေ့ရှိတယ်။ကျွန်မအတွက်ကတော့ ကလေးနဲ့ဆုံခဲ့ရတာဟာ ကျွန်မဘဝအတွက် ကံကောင်းခြင်းဆုလာဘ်တစ်ခုပါ။

ထိုခပ်ဂျစ်ဂျစ်ကောင်မလေးရဲ့ လှပတဲ့နှုတ်ခမ်းကထွက်လာတဲ့ ကိုယ့်ကိုရည်ရွယ်တဲ့စကားတိုင်းဟာ ချိုမြိန်မှုတစ်စက်မှ မရှိတာသိတယ်။ဒါပေမဲ့ နားလည်ပေးနိုင်တယ်။
ကလေးတစ်ယောက်ရဲ့နုနယ်တဲ့နှလုံးသားထဲမှာ ဒဏ်ရာရအောင်လုပ်ခဲ့တဲ့ကိုယ့်အဖေရဲ့ အပြစ်မှန်သမျှကို ကိုယ်ခံမှာမို့။မုန်းပါ နာကျည်းပါ။ကြိုက်သလောက်အပြစ်တင်ပါ။ဒါပေမဲ့အနားမှာရှိနေခွင့်တော့ပေးပါ ကလေးရယ်...

ဒီ ကင်ထယ်ယွန်းဆိုတဲ့လူသားက ကလေးအပေါ် ညီမလေးဆိုတာထက်ကို ခံစားချက်တွေပိုနေမိလို့ပါ။

                      ☄️☄️☄️

အရေးပေါ်လူနာတစ်ယောက်ကို သုံးနာရီကြာခွဲစိတ်ပြီး အောင်မြင်စွာ အသက်ကိုကယ်လိုက်နိုင်ပြီးတဲ့နောက်မှာတော့ ကျွန်မတို့အားလုံးခွဲခန်းကနေ အပြုံးများဖြင့်ထွက်လာနိုင်ခဲ့၏။နည်းနည်းနွမ်းသွားလို့ တန်းလျားလေးမှာထိုင် အအေးလေးမော့နေတုန်း ဖုန်းဝင်လာပါတော့တယ်။‌ ခေါ်တဲ့သူကိုကြည့်လိုက်တော့ ဆူယွန်းရဲ့ဆရာမ..

အမုန်း၏အခြားတစ်ဖက်Where stories live. Discover now