Yuriဆိုင်လေးမှာ ကူလုပ်ပေးရင်း TaeYeonအခြားအချိန်ပိုင်း အလုပ်လည်းလုပ်သည်။ ညဘက်ဆိုင်ပိတ်တာနှင့် ဓာတ်ဆီဆိုင်တစ်ခုမှာ ဆီဖြည့်ပေးတဲ့အလုပ်ပေါ့ ။ Yuriကတော့ တားပေမဲ့ TaeYeonလက်မခံပါ။ အနည်းဆုံး ကိုယ့်လုပ်အားနှင့်ကိုယ် ပိုက်ဆံရှာရမည်လေ။
သူ့လိုထောင်ထွက်တစ်ယောက်အတွက် အလုပ်ကတကယ်ရှားတာပါ။ ဒါ့ကြောင့် ရရာအလုပ်ကိုလုပ်ရခြင်းပင်။ Yuriလုပ်စာပဲ ကြတော့လည်း ထိုင်စားမနေချင်။ လူဆိုတာ အလိုက်တော့သိရမည်မလား။
SooYoungလည်း မကြာခဏလာပါသည်။ တစ်ခါလာတိုင်း လိုအပ်တာတွေ ဝယ်လာတက်၍ တားရသေး၏။ အားနာတယ်လေ။ ကိုယ့်အပူကို သူများကို ပေးမကူးချင်တဲ့ဆန္ဒက မွေးရာပါဗီဇ။"Taeng နင့်အလုပ်ချိန်နီးပြီ...ထားခဲ့လိုက်တော့ အဲ့ပန်းကန်တွေ။ နင်ကလည်းမှာလို့ကိုမရတာ ။ အဲ့တာတွေကအစ လိုက်မလုပ်ပါနဲ့ဆို"
Yuriက ပန်းကန်ဆေးနေတဲ့ သူငယ်ချင်းကိုအော်လိုက်တယ်။ TaeYeonဆိုသည်မှာ ဘယ်လိုမှ ပြောမရ။ အောက်ခြေသိမ်းတွေကအစ အကုန်လိုက်လုပ်နေတော့ တားရသည်။ ညပိုင်းလည်း ဓာတ်ဆီဆိုင်မှာ အချိန်ပိုင်းဆင်းသေးတာ။ တားမရပြုမရဆိုတာ သူမှအစစ်။ ဆီဆိုင်က အိမ်နဲ့သိပ်မဝေးလို့တော်သေးသည်ပြောရမလား။ ဒါပေမဲ့ သိပ်စိတ်မချတာမို့ ခဏခဏသွားချောင်းရသည်။ TaeYeonသိလို့က အပြစ်ပြောမှာအသေအချာ..
"Aww aww ခဏပဲ။ ဒါလေးလက်စသတ်အုန်းမယ်"
Taeyeonဆေးလက်စများကို အကုန်လက်စသတ်ပြီးသည့်နောက် အလုပ်ဆင်းရာ ဆီဆိုင်သို့ထွက်လာခဲ့သည်။
ညနေမှောင်ရီပြိုးစမို့ လမ်းပေါ်တွင် ကားမီးရောင်တွေကတဝင်းဝင်း။ တစ်ချိန်ကသူ့တွင် ကားလေးတစ်စီး ပိုင်ဆိုင်ဖူးခဲ့ကြောင်း အမှတ်ရမိသည်။ အခုတော့ မွေးမိခင်ကပေးသော ခြေထောက်များကို ကောင်းကောင်းအသုံးချနေရပြီ။ ဒါလည်း ကျန်းမာရေးနဲ့ ညီညွတ်တာပဲလေဟု သူတွေးသည်။
ဆိုင်ရောက်တော့ သူနဲ့အချိန်လဲမည့်ကောင်မလေးက သူမရောက်ခင်ပြန်သွားနှင့်ပြီတဲ့။ နေမကောင်းလို့ဆိုလား ဘာလား။
သူဋ္ဌေးက နည်းနည်းအပေါက်ဆိုးပေမဲ့ စိတ်ရင်းကောင်းတာမို့ သူလုပ်ရတာ အဆင်ပြေပါသည်။ နဂိုကတည်းက လူတိုင်းနှင့် တည့်အောင်နေခဲ့တဲ့ Kim TaeYeonမလား။