Part-13

5.8K 446 99
                                    

"ဒီလိုဆန့်တာက ဟုတ်ပါပြီ။ အကြောတွေပြတ်ကုန်ရင်ကော Yul"

SooYoungသူ့ခြေထောက်ရှည်ရှည်ကို ယောဂဖြာပေါ် ဆန့်ထုတ်ရင်း Yuriကိုမေးလိုက်သည်။

"နည်းမှန်ရင်မပြတ်ပါဘူး SooYoungieရဲ့ .."

TaeYeonခုံပေါ်မှာ စိတ်ပျက်လက်ပျက်ထိုင်နေရင်း မျက်စိရှေ့က ကလန်ကလားနှင့် ယောဂကျင့်နေသော SooYoungကို ကြည့်နေမိသည်။ ယခုဆို Sundayတိုင်း SooYoung Yuriအိမ်ကို လာတက်၏။ Sundayကျ Yuriဆိုင်လည်းပိတ်၍ TaeYeonလည်းနားတယ်မလား...SooYoungကတော့ အားတာနှင့်တန်းရောက်လာတက်သူ။

"Yah လန်ဘား နင်ဘယ်တုန်းက အားကစား စိတ်ဝင်စားသွားတာတုန်း"

TaeYeon မြင်ပြင်းကတ်စွာမေးလိုက်တော့ SooYoungက ခပ်ပြုံးပြုံးဖြင့်ပင်...

"Yulတစ်ယောက်ထဲလုပ်ရတာပျင်းနေမှာစိုးလို့...နင်ဆိုတာက ဖြူဖပ်ဖြူရော်နဲ့ ငုတ်တုတ်ပဲနေနေတာမလား...ဒါ့ကြောင့် ငါကကူညီပေးတာ.."

အံ့သြဘ...TaeYeonစိတ်ထဲက ရေရွတ်မိသည်။ ဒီလန်ဘား Yuriနားကပ်နေတာ အကြောင်းရှိရမည်။ Yuriလက်ရာတွေကို အလကားစားချင်လို့ ဖားနေတာများလား...

TaeYeonလက်ထဲက နို့အေးဘူးလေးကို အရသာခံစုတ်နေရင်း သူ့ရှေ့တွင် ပဲတောင့်ရှည်ကိုကောက်ထားသလို ယောဂကျင့်နေသော SooYoung ကိုသုံးသပ်နေသည်...။

"Soo Young ပြထားတဲ့အတိုင်း ဆက်လုပ်ထားနော်...ငါခဏပူတင်းဖုတ်ထားတာလေး သွားကြည့်လိုက်အုန်းမယ်"

"အင်း Yulသွားလေ..."

Yuri သူတို့မြင်ကွင်းမှ ပျောက်သွားသည်နှင့်တပြိုင်နက် SooYoungယောဂဖြာပေါ်မှာ Taeyeon ဘေးသို့လျစ်ခနဲ့ရောက်လာကာ....

"Taeng Yulက ကောင်မလေးတွေ စိတ်ဝင်စားလား"

"ဖွီး....အဟွတ် အဟွတ်"

ကြားလိုက်ရတဲ့ မေးခွန်းကြောင့် TaeYeonသီးသွားကာ မျက်လုံးအပြူးသားနှင့် SooYoungကိုကြည့်မိသည်။ ဒါဘာသဘောပါလိမ့်....အစားတစ်မျိူးထဲကို စိတ်ဝင်စားသော SooYoung ယခုဘာထဖြစ်ပါလိမ့်။ မဟုတ်မှလွဲရော....

"နင်...."

TaeYeonစကားပြောမလို့ ရှိသေး SooYoung ယောဂဖြာပေါ်ပြန်သွားကာ ပြန်လုပ်လေ၏။

အမုန်း၏အခြားတစ်ဖက်Where stories live. Discover now