Part-12

5K 393 70
                                    

အလုပ်စစဝင်ဝင်ခြင်း အရာအားလုံးက အစိမ်းသက်သက်မို့ TaeYeonဖို့ခက်ခဲလှသည်။ ဘယ်လိုပဲဆေးဝါးများနှင့် ရင်းနှီးခဲ့သည်ဆိုစေကာမူ ထဲထဲဝင်ဝင်တော့မလေ့လာခဲ့ဖူး...
ဆရာဝန်တစ်ယောက်မို့ လူခန္ဓာကိုယ်အစိတ်အပိုင်းများကို ပိုကျွမ်းကျင်သည်လေ.။

ဒါ့ကြောင့် အစအစအရာရာကို အောက်ကျို့ကာ တက်နိုင်သမျှသူသင်ယူသည်။ တစ်ချို့က အကပ်ဖြင့််ဝင်လာသည်ဟုဆိုကာ မကျေနပ်ကျ....အင်တာဗျုးတောင်ဖြေစရာမလိုပဲ ဒီဋ္ဌာနကိုတန်းဝင်လာသော TaeYeonကို ကြည့်မရသူအမြောက်အများ ရှိခဲ့သည်။

TaeYeonခံယူုထားတာက အတိုက်အခိုက်များလေ အောင်မြင်လေ ...ဒါ့ကြောင့်အားလုံးကို အပြုံးဖြင့်သာ တုံ့ပြန်ရင်း ဖြေရှင်းခဲ့သည်မလား။

နဂိုညဏ်ကောင်းသူမို့ လုပ်ငန်းအကြောင်းများကို နှစ်လအတွင်း ကောင်းကောင်းနားလည်ခဲ့ရသည်။

နှစ်လ ဟုတ်ပါသည် ဒီနှစ်လဆိုတဲ့အတောအတွင်း သူ ကလေးနဲ့မဆုံအောင်အမြဲရှောင်ခဲ့သည်...အမှတ်တမဲ့ဋ္ဌာနကဘက်က ဖြတ်သွားတဲ့ကျောပြင်လေးကိုတော့ TaeYeonသူခိုးငေးခဲ့တာ ဝန်ခံပါ၏။

ဒီလောက် ဒီလောက်တော့ သူ့မှာအခွင့်အရေးရှိတယ်မလား..

ကိုယ့်ကြောင့်ဖြစ်ပေါ်လာတာမဟုတ်တဲ့ သူ့မျက်နှာလှလှပေါ်က အပြုံးတွေ...တစ်ခါခါဒီအပြုံးတွေကို ဖန်တီးသူက ကိုယ်ဖြစ်ချင်ခဲ့သည်။

ယခုCompany အတွင်း တီးတိုးပြောစကားများအရ ကလေးအနားမှာအမြဲရှိနေတက်တဲ့ ရုပ်ချောချော သန့်သန့်ကောင်လေး ရှေ့နေ Taecyeonက ကလေးကို စိတ်ဝင်စားနေသည်တဲ့လေ....တစ်ချို့ကလည်းကလေးနဲ့တွဲနေသည်ဟု ပြောနေကြသည်။

လိုက်သည် ....သိပ်လိုက်သည်။ရှေ့နေTaecyeonနဲ့ ကလေးသိပ်လိုက်တာ ဝန်ခံပါသည်။ နေနဲ့လ ရွှေနဲ့မြလိုပေါ့။ ဒါပေမဲ့ ဒီသတင်းကို စစကြားခြင်း ရင်ထဲစို့တက်လာသော ခံစားမှု....ပြီးတော့ ဘာမှန်းမသိသော ကြောက်ရွံမှု

TaeYeonကိုယ့်ကိုကိုယ် ပြန်မေးခွန်းထုတ်ရချေပြီ...
သူကလေးကို အခုထိ ပိုင်ဆိုင်ချင်နေသေးတာလား...
ဦးနှောက်က ငြင်းဆိုနေပေမဲ့ နှလုံးသားကတစ်မျိုးတစ်ဖုံ ဆန္ဒထပြနေတာမို့ ခုတလော ပိုစိတ်ဖြတ်နေရသည်။

အမုန်း၏အခြားတစ်ဖက်Where stories live. Discover now