Part-21

6.1K 408 101
                                    

အရင်ကလို သူစိမ်းပြင်ပြင်ဆက်ဆံရေးလည်း မဟုတ်သလို ညီအမများဆိုသော ဆက်ဆံရေးခေါင်းစဉ်အောက်တွင်လည်း မရှိတော့ ယခုချိုမြိန်လှသောချစ်သူဆိုသော ခေါင်းစဉ်အောက်သို့သူတို့ရောက်သွားခဲ့ချေပြီ။

ရည်းစားထားကာစ ချစ်သူနှင့်အတူရှိနေရသောကာလများသည် ရှက်ကိုးရှက်ကန်းနိုင်ရသလို သိပ်ကြည်နူးချိုမြိန်စရာကာလများဖြစ်သည်။
( Reader များထဲ နှစ်ချို့FAကြီးများပါလျှင် ရည်းစားထားကြည့်ကြပါလို့😝 ဤကား စကားချပ်😁)

ယခုဒီကြည်နူးချိုမြိန်မှုများကို TaeYeonနှင့် Jessicaအပြည့်အဝခံစားသည်။

SooYoungနှင့် Yuriမြင်ပြင်းကပ်လောက်သည့်ထိ TaeYeonသည် သည်းသည်းလှုပ် ဂရုစိုက်သည်။ မျက်နှာကြောအမြဲတင်းထားကာ ရေခဲမင်းသမီးဟူ၍ နာမည်တပ်ထားရသော Jessicaဆိုသည်မှာလည်း ပြန်အစရှာ၍မရတော့...ယခုမူကား ကပ်ချွဲ၍ပလီတက်သော ချစ်စရာကောင်မလေး Jung SooYeonဖြစ်နေချေပြီ။

"SooYeon Nah Taengooလုပ်ထားတဲ့ ဒီ Pasta လည်းမြည်းကြည့်ပါအုန်း...Love Sauce တွေနဲ့ဆိုတော့ အရသာရှိမှာသေချာတယ်.."

"Thanks Darling ...SooYeonစားမှာပေါ့လို့။ "

မနက်စာစားပွဲဝိုင်းတွင် သူတို့Roတာကို ထိုင်ကြည့်နေသူများကတော့ Yuriနှင့် SooYoung။

"Yah Yah တော်ရုံလုပ်ကြ။ ငါတို့လည်းအတွဲပါ။ ဒါမဲ့အခုနင်တို့ဟာပိုကိုပိုလွန်းတယ်။ "

Yuriနှင့် SooYoungကလည်း သူတို့တရားဝင်တွဲနေပြီ ဖြစ်ကြောင်းကို TaeYeonအားပြောပြထားပြီး ဖြစ်လေသည်။ ယခုဆိုသူတို့အိမ်လေးတွင် တွဲကာစစုံတွဲလေးနှစ်တွဲရှိသည်ပေါ့။ သို့ပေမဲ့ နှစ်တွဲကားဆန့်ကျင်ဘက် TaeYeonတို့က သည်းသည်းလှုပ်ပိုသလောက် Yuriဆိုတာ ချစ်တာနှင့် ဟင်းချက်တာကလွဲ၍ဘာမှမတက်သော Roဖို့နေနေသာသာ နှစ်ယောက်သားတွေ့ချိန်တွင် တောင့်တောင့်နေတက်သောသူ။ ပြောရရင် မယ်ရိုးသားကြီးပေါ့။ ဒါ့ကြောင့်SooYoungသိပ်အားမရ။ အဲ့လိုအချိန်TaeYeonတို့အတွဲ လာRoပြလျှင် ကလိကလိဖြစ်ရသည်။

"Kim TaeYeon နင့်လူကြီးကိုRoနည်းတို့ ဘာတို့ နည်းနည်းသင်ပေးလိုက်အုန်း။ ငါ့ဖြင့်သူအဖြစ်မရှိတာ တွဲမှပဲသိတော့တယ်..."

အမုန်း၏အခြားတစ်ဖက်Where stories live. Discover now