Part-5

4.4K 348 56
                                    

ပုခုံးကိုခပ်ကြမ်းကြမ်းဆွဲကိုင်လာတဲ့ Tyler Kwon၏လက်များကို အားကုန်သုံးရုန်းကာ စောင့်တွန်းပြစ်လိုက်သည်။

"အ...မင်း...."

ဒါက လမ်းကြားဘေးကနံရံနှင့် Tyler Kwonကျောကပ်သွား၍ ညည်းလိုက်မိတဲ့အသံပါ...

ကျွန်မ နားထဲတွင်လူတစ်ယောက်ပြေးလာသံကြား၍
ဘာကိုမှ လှည့်ကြည့်မနေတော့ပဲ Clubနောက်ဘက်တံခါးပေါက်သို့ အသားကုန်ပြေးခဲ့လေသည်။ မတော် Tyler Kwon၏လူဖြစ်နေလျှင် အခြေနေမကောင်းဘူးမလား...။

အထဲရောက်သောအခါ Hyunaကိုရှာလိုက်တော့ တွေ့ပါပြီမချော....Dancing Floorမှာကနေတာ..
ကျွန်မလူအုပ်ကြားထဲတိုးသွားပြီး..

"Hyuna...Hyuna.."

"Hmmmnn awww aww"

တီးလုံးသံတွေဆူနေတာကြောင့်မို့ ခဏထွက်လာဖို့ လက်ဟန်ခြေဟန်နဲ့ပဲအချက်ပြလိုက်သည်။

"Wae..SooYeon.."

"ငါပြန်တော့မယ်..."

"ဟဲ့...ရောက်တာမှမကြာသေးတာကို...1နာရီထိုးရင်Clubရဲ့ အထူးအစီစဉ်ရှိတယ်"

"မဟုတ်ဘူး...ငါပြန်ချင်ပြီ။ သွားပြီဟာ.."

"Sooyeon...Jung Sooy e o n.."

Hyuna ခေါ်သံကိုဥပက္ခာပြုကာ clubအပြင်ဘက်ကိုထွက်ခဲ့သည်။ ဒီClubမှာTyler Kwonရှိမှန်းသိလျှင် ကျွန်မလိုက်ခဲ့မှာမဟုတ်ဘူး...ယခုတော့ အရေးကြီးစကားပြောချင်သည်ဆိုပြီး သူမကိုလှည့်ထုတ်ကာ မကောင်းကြံသည်။

"တောက်...."

ဒေါသကထွက်လာတာမို့ တောက်တစ်ချက်ခတ်ပြင်းပြက်ခတ်လိုက်မိသည်။  Clubအပြင်ကနေ တစ်ဖြေးဖြေးလမ်းလျှောက်လာခဲ့ရင်း လမ်းမပေါ်မျက်စိကစားကြည့်တော့..ညနည်းနည်းနက်နေပြီမို့ busတစ်စီးမှမတွေ့ရ..

Sneakerပဲစီးနေကြသူဖြစ်တာကြောင့် ယခုအမြင့်စီးပြီးလမ်းလျှောက်ရတာ ကျွန်မအဖို့ဘယ်လိုမှသက်တောင့်သက်သာမဖြစ်။

"ကျွတ်စ်....ရှုပ်လိုက်တာကွာ။"

စိတ်ရှုပ်ရှုပ်ဖြင့်စီးထားသော high heelကိုချွတ်ကာလက်ဖြင့်ကိုင်လိုက်ပြီး ခြေဗလာဖြင့်သာလမ်းလျှောက်ခဲ့လိုက်သည်။

အမုန်း၏အခြားတစ်ဖက်Where stories live. Discover now