Part-2

6.2K 389 70
                                    

ဆေးလိပ်ငွေ့လေးတွေကို မှုတ်ထုတ်လိုက်ရင်း အပြာရောင်ကောင်းကင်ကြီးကို သူငေးကြည့်ကာ ဆုံးသွားတဲ့အ‌ဖေ့ကိုရှာဖွေနေမိတယ်...

"အဖေ အဆင်ပြေရဲ့လားအဲ့မှာ...အမေ့ကိုတွေ့ရင်လည်း အပြစ်တင်မနေပါနဲ့တော့။သူဒီမှာလည်းနာကျင်ခံစားခဲ့ရပြီးပြီ။သမီးကတော့ အဖေအခုမြင်တဲ့အတိုင်းပဲ။အဖေမျှော်လင့်ထားသလို့ ရှေ့နေကြီးလည်း မဖြစ်နိုင်တော့ဘူး။သတိရတယ်အ‌‌ဖေရယ်..."

ဆူယွန်း ကောင်းကင်ကြီးကိုကြည့်ရင်း တစ်ယောက်ထဲစကားပြောနေခဲ့တယ်...
ကျောင်းခေါင်မိုးထပ်က သူ့လိုအတန်းမတက်ချင်သူအတွက် နေရာကောင်းပဲပေါ့။

ဂျောင်ဆူယွန်းတဲ့သူမဟာ Appaမဆုံးခင်တုန်းက စာတော်ပြီးနုညံ့တဲ့ ကလေးတစ်ယောက်....Appaဆုံးပြီး အိမ်ကိုဟိုလူကြီး ရောက်လာကတည်းက သူ့ဘဝဇောက်ထိုးမိုးမျှော်ဖြစ်ခဲ့ရသည်..။ မှတ်မှတ်ရရသူ့အသက်၇နှစ်...Ommaက သမီးအတွက်အဖေအသစ်နဲ့ အမအသစ်ခေါ်လာခဲ့တယ်ဆိုပြီး မိတ်ဆက်ပေးခဲ့တယ်။ Kim Young Minက အစကနုညံသလိုနဲ့ နောက်ဆုံးမှာတော့ မင်းသားမျက်နှာဖုံးကွာကာ ဘီလူးမျက်နှာပေါ်လာခဲ့သည်...လောင်းကစားလုပ်သည် အရက်သောက်သည်...တောင်းသည့်ပိုက်ဆံမရလျှင် Ommaကိုရိုက်သည်။
ဒီမြင်ကွင်းတွေက နေ့စဉ်ရက်စက်လာတော့ သူအော့နှလုံးနာစွာ မုန်းတီးမိလာ၏။ Kim Young Minတင်မက သူ့သမီးKim TaeYeonပါမုန်းမိလာခဲ့၏။ ခပ်အေးအေး ခပ်ချိုချိုမျက်နှာရဲ့နောက်မှာ သူ့အဖေကဲ့သို့ ကောက်ကျစ်တဲ့ဘီလူးရုပ်ရှိမှာမှန်း ခန့်မှန်းမိသောကြောင့် ခပ်တန်းတန်းနေသည် ရင့်ရင့်သီးသီးဆက်ဆံသည်....

"Aigooထင်တဲ့အတိုင်းပဲ Jung SooYeonတို့ခေါင်မိုးထက်မှာ စီးကရက်လေးခဲပြီး အတွေးလွန်နေပြန်ပြီ..."

ရုတ်တရက် ထွက်လာသောအသံကြောင့် Sooyeonလှမ်းကြည့်လိုက်တော့ Hyuna...Hyunaဆိုတာသူ့ရဲ့တစ်ဦးထဲသော သူငယ်ချင်း...Hyunaကလည်းသူ့လို ခပ်ရွဲ့ရွဲ ခပ်ဆိုးဆိုးသမား.... ချိတ်ချိတ်ခြင်းမိ ပေါင်းမိသည်လား ဘယ်သူနဲ့မှအစေးမကပ်တဲ့ သူတို့နှစ်ယောက်ပေါင်းမိခဲ့ကြသည်။
ကျောင်းကဆရာတွေ လက်မြှောက်ထားသည့်အထဲမှာ သူနဲ့Hyunaကပူးတွဲ...

အမုန်း၏အခြားတစ်ဖက်Where stories live. Discover now