Part-20

6.1K 399 56
                                    

နောက်ဆုံးတော့ Taengooအမှုကို လာမည့်Sunday ပြန်စစ်ဆေးတော့မည်ဖြစ်ကြောင်း တရားရုံးက ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ Jessica ရင်ထဲ ကျေနပ်မှုများဖြစ်ထွန်းနေသည်။ အနည်းဆုံးသူမTaeYeonကို တစ်ခုခုလုပ်ပေးခွင့်ရပြီလေ။

တရားရုံးထဲကထွက်လာလာခြင်း သူမတမ်းမသွားသေးပဲ မိုးသားကင်းပြီးပြာလဲ့လဲ့ကောင်းကင်ကြီးကို ငေးကြည့်မိသည်။ ထို့နောက်ကျေနပ်စွာပြုံလိုက်ရင်း...

"Appa Omma ကျွန်မလုပ်နေတာတွေကိုမြင်လား။ အခုကိစ္စကိုအဆင်ပြေဖို့ကူညီပေးပါအုန်းနော်"

Jessicaတစ်ယောက်ထဲကျေနပ်စွာ တီးတိုးစကားပြောနေတုန်း...

"SooYeon ...သမီး Jung SooYeonမလား"

သူမကိုလာရောက်နှုတ်ဆက်နေသော အမျိူးသမီးကြီးတစ်ဦး။ အရမ်းအသက်ကြီးဟန်တော့မပေါက်။ စိတ်ထဲတွင်ရင်းနှီးနေသလို..

"မမှတ်မိဘူးလား...
ဆရာမလေ...Park Shin Minn"

"အာ Sam.."

Jessica သူ့ခေါင်းသူထုချင်သွားသည်။ ဘယ့်နှယ် သူမစကော်လာကိစ္စကို အစအဆုံးစီစဉ်ပေးတဲ့ဆရာမကို မေ့ရတာလဲဆိုပြီး။

"Sam ကဒီနေရာကိုဘယ်လိုလုပ်"

"တူလေးတစ်ယောက် ရုံးချိန်းလေ..ဆေးမှုနဲ့"

"အာ Nae..."

"သမီးကဘယ်တုန်းကပြန်ရောက်တာလည်း..."

မေးစရာတွေများနေတဲ့ဆရာမကို Jessica ပြုံးကြည့်လိုက်ရင်း...

"Samအချိန်ရရင် သမီးနဲ့အအေးလိုက်သောက်ပါလား။ စကားလေးလည်းပြောရင်းပေါ့.."

"အင်းရပါတယ်...သွားရအောင်လေ..."

ဆရာမကိုခေါ်ပြီး Jessicaအနီးနားကအအေးဆိုင်လေးတစ်ခုကို မောင်းခဲ့လိုက်တယ်။

အအေးဆိုင်ရောက်တော့ သောက်စရာလေးတွေမှာကြပြီး ဆရာမနဲ့သူရဲ့စကားဝိုင်းလေး စခဲ့ကြတယ်။ သူ့ဆရာမကသူ့ကိုကြည့်ပြီး ပီတိဖြာနေတဲ့ပုံပါပဲ...

"သမီးဒီကိုပြန်ရောက်တာ တစ်နှစ်နဲ့သုံးလရှိပြီ။ အခု Lee Groupမှာ ရှေ့နေအဖြစ်လုပ်နေတယ်"

"ဆရာမမှန်းတာအမြဲမလွဲခဲ့ဘူး။ SooYeonကဒီလိုထက်မြက်တဲ့ ကလေးဖြစ်လာမယ်ဆိုတာ ကြိုသိခဲ့တယ်။ ဒါနဲ့အိမ်ထောင်ကောကျပြီလား။"

အမုန်း၏အခြားတစ်ဖက်Where stories live. Discover now