Part-11

4.8K 383 75
                                    

ပထမဆုံးရုံးတက်ရမှာမို့ TaeYeonစိတ်အနည်းငယ်လှုပ်ရှားနေမိသည်။ မိမိဝတ်ထားတာ အဆင်ပြေရဲ့လားဆိုတာ မှန်ထဲကြည့်ရင်းဆန်းစစ်ရတာအခါခါ။ ယခုလုပ်ရမည့်အလုပ်က ယခင်ကလိုDr Kim Taeyeon မဟုတ်တော့ သာမာန်Companyဝန်ထမ်းသာ။ အပြင်ဝန်ထမ်းအလုပ် ပထမဆုံးလုပ်ရမှာမို့ သူယခုကဲ့သို့စိတ်လှုပ်ရှားနေခြင်းပင်။

"Yulအဆင်ပြေပါတယ်နော် ငါ...Overမဖြစ်ဘူးမလား"

ဘောင်းဘီရှည်အမဲကို အောက်ကရှပ်အဖြူခံဝတ်ထားပြီး မီးခိုးရောင်Long coat ထပ်ဝတ်ထားသော TaeYeon။ ဆံပင်ကိုလည်း ခပ်မြင့်မြင့်စုစည်းထားသေး၏။
Yuri TaeYeonပုံစံကို အထက်အောက်သုံးခါလောက် Scanဖတ်ကြည့်လိုက်ပြီး...

"Perfect "

"အဲ့ဆိုငါသွားတော့မယ်"

ဘေးလွယ်အိပ်လေးကို ခပ်သွက်သွက်လွယ်ရင်း TaeYeonသွားတော့မည်လုပ်တုန်း...

"နေအုန်း.."

"ဟမ်.."

"ပထမဆုံးရုံးတက်တာ ငါလိုက်ပို့မယ်"

Yuriစကားကြောင့်TaeYeonရယ်ချင်သွားတာအမှန်။ Kwon Yulလုပ်ပုံက မူကြိုပထမဆုံးသွားမည့်ကလေးကို သူ့အမေကလိုက်ပို့မည့်ပုံ😅

"ဆိုင်ဖွင့်ရအုန်းမယ်လေ...ရတယ်ငါ့ဘာသာBusပဲစီးသွားပါ့မယ်"

"Arrnyi ဆိုင်ကနောက်ကျမှဖွင့်လည်းဖြစ်တယ်...ငါလိုက်ပို့မယ်။ ကားတောင်ယူလာပြီးပြီ"

"ကား..."

Yuriသော့လေးတစ်ချောင်းကို လက်ညှိုးတွင်လှည့်ကစားပြလိုက်ပြီး...

"Heechul Oppaဆီကငှါးလာတာ နင့်ကိုဒီနေ့လိုက်ပို့ချင်လို့"

Heechul Oppaဆိုသည်မှာ Yuriရဲ့ဘယ်နှစ်ဝမ်းကွဲမှန်းမသိသောအကို...စပ်လည်းတော်သည် မစပ်လည်းရသည်တဲ့။ ဒါပေမဲ့ Yuriအပေါ်အနည်းငယ် သံယောဇဉ်ရှိရှာပါသည်။

ပြောလည်းနားထောင်မည့်ပုံမပေါ်သည့် Yuriကြေါင့်TaeYeonဘာစောဒကမှတက်မနေတော့ပဲ ....

"Ok Ok "

ဒီလိုနဲ့Taeyeonရဲ့ပထမဆုံးရုံးတက်ရက်ဟာ စတင်ခဲ့ချေပြီ....

                         *****

တကျီကျီအောင်မြည်နေတဲ့ငှက်သံသည် ယနေ့မှ သူမအတွက်နားညီးနေသလို....အိပ်ရာပေါ်တွင်စောင်ဖြင့်လုံးလျှက် ဟိုလိမ့်ဒီလှိမ့်လုပ်နေသော အမျိုးသမီးငယ်တစ်ဦး....

အမုန်း၏အခြားတစ်ဖက်Where stories live. Discover now