Part-18

5.6K 418 81
                                    

"ကျွန်မတို့ ဒီနေ့ Dateရအောင် Oppa။ ကစားကွင်းသွားမယ် ရုပ်ရှင်လည်းကြည့်မယ် ညစာလည်းအတူတူစားမယ်"

TaecYeon နားထဲမယုံနိုင်သလိုပင်ဖြစ်သွားရသည်။ အလုပ်ကလွဲလို့ ညစာအတူစားဖို့ပင်မနည်းခေါ်ရသော သူ့ကောင်မလေးက ယခုလိုပြောလာတော့လေ...။

"Sica babe တကယ်လား"

"Wae လိုက်မပို့ချင်ဘူးလား။ ကြည့်ရသလောက် Oppaရော ကျွန်မရော အားပါတယ်"

"မဟုတ်တာ လိုက်ပို့မှာပေါ့။ ရတာပေါ့"

ဝမ်းသားအားရဖြစ်နေသော TaecYeonမျက်နှာကြည့်ပြီး Jessica အားတ့ုံအားနာဖြစ်သွားရသည်။ ကြားထဲမှာ အချိန်မပေးနိုင်တာကြောင့်ရော နောက်ပိုင်းTaeYeonကြောင့်ကော ခပ်ခွာခွာနေမိခဲ့သည်မလား။

"အခုသွားကြမလား"

"ဒါပေါ့....အခုပဲသွားကြမယ်။ တစ်နေကုန်လည်မယ်"

TaecYeonလက်ကို Jessica သူမဘက်ကပဲ စကိုင်လိုက်ကာ အနွေးထွေးဆုံးပြုံးပြလိုက်သည်။

TaecYeonသူတို့တွဲထားတဲလက်များကို ငုံ့ကြည့်ရင်း တွေးတွေးဆဆဖြင့်....

"Sica babeသိလား။ ကိုယ့်စိတ်ထဲပျော်တာမှန်ပေမဲ့ စိတ်ထဲလဲတစ်မျိုးကြီးပဲ။ တစ်ခုခုထင့်နေသလို့ကြီး"

"ဘာမှတွေးမနေနဲ့ ဒီနေ့ပျော်ပျော်နေရအောင်"

ဒီလိုနဲ့ သူတို့ရဲ့Dateလေးစတင်ခဲ့ကြလေသည်.....

                         *******

"အ ..."

ကြက်သွန်လှီးနေသော Yuriတစ်ယောက် ဓားထိသွားခြင်းပင်။ ဓားထိတာလည်းမပြောနဲ့ သူ့အတွေးတွေလွင့်နေသည်ကိုး....။

"Chef ရရဲ့လား။ ကျွန်မတို့ဆက်လုပ်ထားလိုက်ပါ့မယ်။ ဧည့်လည်းနည်းနည်းကျဲသွားပြီပဲကို။ ခဏနားလိုက်ပါလား"

လက်ထောက်စာဖိုမှုးမလေး စကားကိုနားထောင်ဖို့ Yuriဆုံးဖြတ်လိုက်သည်။ မဟုတ်ရင်ဘာအလွဲတွေလုပ်အုန်းမည်မသိ ။ မနက်ကလည်း ပျားရည်ပုလင်းနှင့်ပဲငံပြာရည်ပုလင်း မှားထည့်မိသည်။ မှားစရာအကြောင်းမရှိ အသိသာကြီးဆိုပေမဲ့ ဘယ်လိုမှားမှန်းYuriမသိတော့။

အမုန်း၏အခြားတစ်ဖက်Where stories live. Discover now