Part-8

4.5K 373 37
                                    

ထောင်ထဲမှာ နှစ်နှစ်လောက်နေပြီးတဲ့အခါ ကျွန်မအခန်းဖော်Yulအကြောင်းကို ပိုသိလာရတယ်။ သူကအပြင်မှာသာ ပျော်ပျော်နေပေမဲ့ သူ့စိတ်ထဲမှာအမြဲအုံမှိုင်းနေခဲ့တယ်ဆိုတာ။

တစ်ရက်သူ သဲသဲထန်ထန်ကိုငိုနေတယ်။ ကျွန်မအံ့လည်းအံ့သြသွားသလို လန့်လည်းလန့်သွားမိတယ်။ အမြဲရွှတ်နောက်နောက်ပျော်ပျော်နေတက်တဲ့သူက ငိုတယ်ဆိုတော့လေ။

နောက်ပြီးသိလိုက်ရတာက သူ့အမေဆုံးသွားလို့တဲ့။ ကျွန်မစကားတွေနဲ့ သိပ်မနှစ်သိမ့်တက်ပေမဲ့ ပုခုံးတစ်ဖက်ငှါးပေးခဲ့တယ်။

အဲ့ဒီနေ့မှာပဲ သူ့ရဲ့ဖုန်းကွယ်ထားတဲ့နောက်မျက်နှာတစ်ခုကို မြင်ခဲ့ရတယ်။ သူဟာ သိပ်ကြင်နာတက်တဲ့သူဆိုတာကောပေါ့။ မူးယစ်ဆေးအရောင်းဝယ် လုပ်ခဲ့တယ်ဆိုတာကလည်း ကင်ဆာရောဂါသည်အမေအတွက် ပိုက်ဆံလိုလို့လုပ်ခဲ့ခြင်းတဲ့။

သိတာပေါ့ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ကျွန်မသိပ်သိတာပေါ့။ ကင်ဆာဆေးတွေ ဘယ်လောက်ဈေးကြီးလဲဆိုတာ။

ကျွန်မလည်း ကျွန်မရဲ့ဘဝတစ်စိတ်တစ်ပိုင်းကို သူ့ကိုရင်ဖွင့်ခဲ့တယ်။ ကလေးအကြောင်းကိုကောပေါ့။ ဒါပေမဲ့ ကျွန်မရင်ထဲသိမ်းထားတဲ့ အမှန်တရားတစ်ခုတော့ မပါခဲ့ဘူးပေါ့နော်။ ဒါကသေတဲ့ထိစိတ်ထဲထားရမဲ့ကိစ္စမလား။

SooYoungကတော့ ပုံမှန်လာတွေ့တယ်။ ကျွန်မဘာလိုအပ်လည်း ကျန်းမာရေးကောင်းရဲ့လား သူအမြဲလာဂရုစိုက်တယ်။ တကယ်သူငယ်ချင်းကောင်းပါ။
သူလာတိုင်း SooYeonသတင်းကိုမေးပေမဲ့ အဆက်သွယ်ပြတ်နေတယ်ပဲ အဖြေရခဲ့တယ်လေ။

နှစ်နှစ်ဆိုတဲ့အချိန်ကာလက သိပ်မကြာလိုက်သလိုပါပဲ။ ကျွန်မရင်ထဲက  ကလေးကိုသတိရစိတ်တွေက လတ်ဆတ်နေတုန်း။ သူဘာများလုပ်နေမလဲ အဆင်ရောပြေရဲ့လား။ နေရောကောင်းရဲ့လား။ စတဲ့ လားမေးခွန်းများစွာက ကျွန်မခေါင်းထဲနေ့စဉ် အပ်ကြောင်းထပ်နေခဲ့တယ်။

ကျွန်မကဆရာဝန်ဆိုတော့ ထောင်ထဲကကျန်းမားရေးဆေးခန်းလေးမှာ ကူညီပေးရတယ်လေ။ တခြားသူတွေထက်တော့ သက်သာတယ်ဆိုရမှာပေါ့။ ကိုယ်ကလည်းဒီဆေးကုတာ တစ်ခုထဲတက်တာကိုး။

အမုန်း၏အခြားတစ်ဖက်Where stories live. Discover now