Part-7

4.5K 371 33
                                    

အိမ်ဟာ ခါတိုင်းနဲ့မတူတိတ်ဆိတ်နေတယ်။ နားညီးအောင် ထမင်းစားခိုင်းတဲ့အသံတွေ။ ပြန်ရန်တွေ့တဲ့အသံတွေ။ ဒီအသံတွေနဲ့ စီစီညံနေခဲ့ဖူးတဲ့အိမ်လေး။ ပြီးတော့ ဒီအိမ်မှာပဲ နာကျင်စရာအမှတ်တရတွေကော ပျော်ရွှင်စရာအမှတ်တရတွေကော ပြည့်နေခဲ့တယ်။

ဘာပဲဖြစ်ဖြစ် ဒီအိမ်လေးကို သူချစ်ပါတယ်။ ဒီညပဲ ဒီအိမ်မှာ နောက်ဆုံးနေရတော့မှာ ....ဘယ်တော့မှပြန်လာဖြစ်မလဲ မသိတော့။

Teacher Park ရဲ့အစီအစဉ်နဲ့ America မှာကျောင်းသွားတက်ဖို့ ဆုံးဖြတ်လိုက်ပြီလေ။ အခုကျောင်းမှာက ဘယ်လိုမှဆက်တက်ဖို့ အဆင်မပြေတော့။ Teacher Parkက Foundationတစ်ခုကနေ Scholarလျှောက်ပေးတယ်။ ကံကောင်းစွာပဲ ရခဲ့တယ်တဲ့။

တစ်ခုနားမလည်တာက စာတော်တဲ့သူတွေကိုပဲပေးတဲ့ Scholarက ကျွန်မဘာလို့ရလဲဆိုတာကိုပဲ....Teacher Parkပြောတာတော့ ကြိုးစားချင်စိတ်အပြည့်ရှိတဲ့သူဆိုရတယ်တဲ့။ ကတိတစ်ခုတောင်းတယ်။ စာကြိုးစားရမယ်ဆိုတာ...

ဒီဟာက ဘာမှမခက်ပါဘူး။ နဂိုကတည်းက ဆုံးဖြတ်ပြီးသား။ စာကြိုးစားမယ်။ ဘဝသစ်စမယ်။

Appaဖြစ်စေချင်တဲ့ ရှေ့နေတစ်ယောက်ဖြစ်အောင် ကြိုးစားရမယ်။

ပြီးတော့....မေ့သင့်တဲ့သူတွေကိုလည်း မေ့ရမယ်။

Jung Soo Yeonဆိုတာ စိတ်ဓာတ်ပြတ်သားတဲ့လူတစ်ယောက်လေ။

Koreaမြေကထွက်သွားတာနဲ့ တပြိုက်နက် အရာအားလုံးအတိတ်တွေကိုရော အမှတ်တရတွေကိုရော အားလုံးကို ချန်ရစ်ခဲ့မှာ။ Kim TaeYeonဆိုတဲ့ လူကိုလည်း ဦးနှောက်ထဲက အပြီးထုတ်ခဲ့မယ်။

အမှန်ပြောရရင် စိတ်မကောင်းဖြစ်ပေမဲ့ Taeyeonဘာလို့ ဒီလိုလုပ်သလဲဆိုတာ ယခုထိနားမလည်နိုင်။ Kim TaeYeonဆိုတာ သူသိသလောက် နုညံ့တဲ့သူပါ။ ဒါပေမဲ့ သူ့အဖေရဲ့သွေးပါတော့လည်း......

ခေါင်းထဲပေါ်လာတဲ့ အတွေးတွေကိုခါထုတ်လိုက်ရင်း သောက်လက်စ မက်ဂျုကိုမော့လိုက်တယ်။ မူးရင်သက်သာတယ်။ ဘာမှမသိတော့ အေးချမ်းတယ်လေ။ ဒီခံစားချက်ကို အရမ်းသဘောကျတယ်။

"တီးတောင်...တီးတောင်"

"ဘယ်သူပါလိမ့်...."

နာရီကို တစ်ချက်လှမ်းကြည့်လိုက်တော့ ညဆယ့်တစ်နာရီ။
အမှန်ဆို သူ့ဆီလာဖို့ ဘယ်ဧည့်သည်မှမရှိ။

အမုန်း၏အခြားတစ်ဖက်Where stories live. Discover now