Part-9

4.7K 366 51
                                    

TaeYeonထောင်ဗူးဝကထွက်ထွက်ခြင်း အရင်ဆုံးပြင်ပလေကို အားပါးတရ ရှုလိုက်သည်။ လွတ်လပ်မှုအရသာက ဘာနဲ့မှမတူဘူးဆိုတာ သူကောင်းကောင်းကြီးသဘောပေါက်နေချေပြီ။ အထဲမှာနေရတဲ့ ခြောက်နှစ်ကာလအတွင်း ပြင်ပပတ်ဝန်းကျင်နဲ့ လုံးဝအဆက်အသွယ်ပြတ်နေခဲ့ရသည်မလား။ ထောင်ထဲမှာ အေးအေးဆေးဆေးနေ၍ ယခုလိုလျော့ရက်ဖြင့် စောလွတ်လာခြင်းပင်။

"Midget.."

"Taeng"

အသံနှစ်သံက တစ်ပြိုင်ထဲဆိုသလို သူ့ရဲ့တစ်ဖက်တစ်ချက်ဆီကထွက်လာလေသည်။

ဘယ်ဘက်ကိုကြည့်လိုက်တော့ ကားခပ်ကောင်းကောင်းတစ်စီးကို မှီကာရပ်ပြီး သူ့ကိုလက်ပြနေသော SooYoung။ SooYoungငါးနှစ်ကျော်ကာလအတွင်း တော်တော်လေးသားနားလာပါသည်။ ကုတ်အရှည်အသားရောင်ဖြင့် ဘောင်းဘီထဲsmartကျကျလက်ထိုးကာ ကားကိုမှီထားတဲ့ပုံက ယခုခေတ်စားနေတဲ့မင်းသမီးတွေနေခဲ့တော့ပဲ။
ကြည့်ရတာ နာမည်ကြီးဆရာဝန်ဖြစ်နေပြီထင့်။

ဒါဆိုညာဘက်ကရော။...ဟုတ်ပါတယ် တခြားဘယ်သူရှိပါ့မလဲ Kwon Yuriပေါ့။ သူကTaeYeonထက် တစ်နှစ်စောအပြင်ရောက်နေသူ။

ခပ်နွမ်းနွမ်းအကွက်Shirtကို လက်ခေါက်တင်ဝတ်ထားကာ ဂျင်းဘောင်းဘီနှင့်..ဆံပင်ကို ပိုနီတေးပုံစံစုစည်းထားသည်။..ဒါKwon Yulရဲ့ ရိုးရိုးရှင်းရှင်းစတိုင်။ လက်ထဲတွင်လည်းအထုတ်တစ်ထုတ်ကို ကိုင်ထားသေးသည်။

"ရော့ ပဲပြားစား..."

Yuriအိတ်ထဲက ပဲပြားများကိုထုတ်ကာ TaeYeonကိုခွံကျွေးရင်း မျက်နှာတစ်ခုလုံးပွတ်ပြစ်လိုက်သည်။

"YAH Kwon...y...."
TaeYeonဝူးဝူးဝါးဝါးဖြင့် ရန်ထောင်ရင်းစားလိုက်သည်။

ဒီမြင်ကွင်းကို မျက်မှောင်ကျုံ့ကြည့်နေသူက SooYoung။ သူက TaeYeonကို ဆိုင်ကောင်းကောင်းမှာ ပဲပြားဟင်းရည်တိုက်ရင်း ကောင်းကောင်းကျွေးမလို့စဉ်းစားထားပေမဲ့ ယခုအသားမဲတစ်ကောင်ပေါ်လာပြီး TaeYeonကိုပဲပြားကျွေးသည်။ ကျွေးနေတဲ့ပုံကလည်း ဗရမ်းဗတာနှင့်...။

"Taeng..."

"အော် SooYoung..."

TaeYeonအမြန်မျိုချလိုက်ရင်းထူးလိုက်သည်။ SooYoungမှုန်ကုတ်ကုတ်ဖြစ်နေတာကို ကြည့်ရရင်ဖြင့် Jဝင်နေပြီဆိုတာ အသေအချာ။ Choi SooYoungဆိုသည်မှာလည်းလူတစ်မျိုး။ ဆေးကျောင်းတက်ကတည်းကခင်လာ၍ သူ့အကြောင်းTaeYeonတို့နောကျေနေပြီ။ သူ့ထက်ပို၍ သူများကိုခင်မှာSooYoungစိုးသည်။ TaeYeonရဲ့အခင်ဆုံးက သူပဲဖြစ်ချင်ပါသည်တဲ့လေ။ တစ်ခါတစ်လေ အဲ့လိုအရပ်ကြီးနဲ့မလိုက် ကလေးဆန်သေးတာ။

အမုန်း၏အခြားတစ်ဖက်Where stories live. Discover now