Part-23

4.7K 336 54
                                    

SooYoung ဟာ Yuri ရင်ခွင်ထဲကို ခပ်နွဲ့နွဲ့မှီထားရင်း ချစ်ရသူရဲ့ လက်ချောင်းရှည်သွယ်သွယ်လေးတွေကို ဆော့ကစားနေတယ်။ Yuriက သူ့ချစ်သူရဲ့ ဆံပင်လေးတွေကို သပ်တင်လိုက်ရင်း...

"ဆေးရုံမှာ အရမ်းပင်ပန်းလို့လား.."

"အွန်း း း"

လေသံရှည်ဆွဲဖြေလိုက်ပေမဲ့ အာရုံကရပုံမရ သူ့လက်ချောင်းတွေကိုသာ အာရုံပိုများနေကြောင်း Yuriသတိထားမိတာပေါ့။ ပြောရလျှင် ဒီနေ့ဟာ သိပ်ထူးဆန်းသည်ဆိုရမလား...စားပွဲပေါ်က ကြက်ကြော်နဲ့ကိုလာထက် သူ့လက်ချောင်းတွေကို ပိုစိတ်ဝင်စားနေသည်တဲ့လေ..။

ပြီးတော့ မနက်ရောက်လာကတည်းက အရမ်းချွဲနေသည်။ ဆိုင်တစ်ရက်လောက်ပိတ်ထားပြီး သူနဲ့အချိန်ဖြုန်းပါတဲ့လေ...သူလည်းဂျုတီတွေအကုန်offထားတယ်တဲ့..။ လိုက်မမှီသောချစ်သူလန်ဘားလေးကို လိုက်မှီအောင်လည်း Yuriမကြိုးစားတော့..။ အဓိကကသူစိတ်ချမ်းသာရင် ရပြီ။

"Honey ငါ့ကိုလက်ထပ်ဖို့ စဉ်းစားထားလား"

ရုတ်ချည်းထွက်လာတာ မေးခွန်းကြောင့် Yuriတောင့်သွားရသည်။ လက်ထပ်ဖို့ လက်ထပ်ဖို့တဲ့။ စဉ်းစားဖူးလားဆိုတော့ ...မစဉ်းစားရဲတာဆိုပိုမှန်လိမ့်မည်။ မူးယစ်မှုနဲ့ထောင်ကျဖူးသူတစ်ယောက်နဲ့ နှလုံးအထူးကုဆရာဝန်ကြီး။ သူတို့နှစ်ယောက်ကွာခြားချက်က သိပ်ကိုကြီးလွန်းသည်။ SooYoung ကိုရူးမတက်ချစ်တာတော့ သူ့သစ္စာ..ဒါပေမဲ့ လက်ထပ်ဖို့ကိုတော့မတွေးရဲချေ။ ဘယ်လိုပဲအောင်မြင်နေတဲ့ စားသောက်ဆိုင်ကို ပိုင်ထားပါစေအုန်း အရိပ်မဲဆိုတာဖျောက်ဖျက်လို့ မရတာမလား...။ ချစ်ရသူမျက်နှာငယ်မှာ သိပ်ကြောက်သည်...။

"Honey...."

ဘာအဖြေမှ ပြန်မရ၍ SooYoungမှီထားတဲ့ပုံစံကနေပြင်ထိုင်လိုက်ကာ Yuriကိုစေ့စေ့ကြည့်လိုက်သည်။ သူ့ကိုပြန်ကြည့်နေသော မျက်ဝန်းတစ်စုံကိုမြင်တော့ အဓိပ္ပါယ်ကိုတမ်းနားလည်သွားရသည်။ သူအားငယ်နေတာပါလား ဟူ၍။

"Yul...ငါဆေးရုံမှာနေရင်း ဘာတွေးမိလည်းသိလား။  သူတို့အတွက် မရေရာတဲ့မနက်ဖြန်ကို ထိုင်စောင့်နေတဲ့သူတွေ ။ ကျန်းမာနေစဉ်က ကိုယ့်ခန္ဓာကိုယ်ကို တန်ဖိုးမထားတဲ့သူတွေ အစုံအစုံပေါ့ဟာ။ တကယ်တော့ သေခြင်းတရားဆိုတာ နီးနီးလေးမှာကပ်နေတာဟ။ ဒီတော့ ဘယ်အချိန်ဗြုန်းဆိုရောက်လာမလဲမသိဘူးလေ။ ငါကြောက်တယ် Yul..ငါနင့်ကိုမပိုင်ဆိုင်ရသေးပဲ တစ်ခုခုဖြစ်သွားမှာကို..."

အမုန်း၏အခြားတစ်ဖက်Where stories live. Discover now