"Appa Omma ..."
ပန်းခင်းကြီးထဲမှာ သူ့အဖေနဲ့အမေကို Jung SooYeonတွေ့လိုက်တယ်...
"SooYeon သမီးလေး.."
"လွမ်းနေခဲ့တာ...အရမ်းတွေ့ချင်နေခဲ့တာ Appaနဲ့ Ommaကို...."
"တူတူပါပဲ...ကလေးရယ်..."
Sooyeon သူ့ommaရင်ခွင်ထဲကိုဖက်ပြီး ဝင်နေတုန်း ခေါ်သံလေးတစ်ခုမသဲမကွဲကြားလိုက်ရသလို။
"SooYeon Nah...ကလေးလေး...ကျေးဇူးပြု၍ နိုးလာပါတော့ကွာ"
TaeYeonဟုတ်တာပေါ့...သူ့အသံ။လုံးဝကိုဆို့နင့်ကြေကွဲနေတဲ့ အသံမျိုး။
"Omma chaw" သူအမေ့ကို စကားပြောဖို့တစ်ခုခုအစရှာတော့ ...
"သွားလိုက်သမီး...သူအရမ်းစိုးရိမ်နေရှာပြီ။ သူ့အပေါ်ကောင်းပေးလိုက်ပါကလေးရယ်။ "
Appaကတော့SooYeonခေါင်းလေးကို ခပ်ဖွဖွပွတ်လိုက်ပြီး နဖူးလေးကိုနမ်းလိုက်ကာ...
"Appaဖြစ်စေချင်တဲ့ရှေ့နေဖြစ်အောင်လုပ်ပေးလို့ ကျေးဇူးပါကလေးရယ်...Appaနဲ့ Ommaအမြဲကလေးနားမှာရှိနေတယ်နော်"
ပြီးတော့ Appaနဲ့ Ommaက အလင်းမှုန်လေးတွေလိုဖြစ်ပြီး ပျောက်ကွယ်သွားသလို TaeYeonအသံကိုလည်းသူမပိုကြားလာရသည်။
"ကလေး...အိပ်မနေပါနဲ့တော့ကွာ.....SooYeon."
"Appa Omma"
ခေါ်သံတိုးတိုးနဲ့အတူ သတိရလာသော Jung SooYeon...
"ကလေးသတိရပြီလား...."
မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက စိုးရိမ်တကြီးမျက်ဝန်းများနဲ့TaeYeon...စိတ်မကောင်းဝမ်းနည်းမှုများက မျက်နှာပေါ်တွင်ဖြတ်ပြေးလျှက်...
"ကျွန်မအခုဘယ်မှာလဲ"
"ဆေးရုံမှာ...ကလေးသက်သာရဲ့လား။ အလုပ်ဖိစီးတာရော ရုတ်တရက်ရှော့ဖြစ်စရာစကားကြောင့်ရယ်မို့ ကလေးမေ့လဲသွားတာ...အားလည်းအရမ်းနည်းနေတယ်တဲ့။"
ရှော့ဖြစ်စရာစကား....SooYeon ယခုမှ ပြန်မှတ်မိလာသလို။
"အဲ့နေ့က မင်း Tylerကိုတွန်းပြီးထွက်သွားခဲ့တယ်မလား။ ဆောက်လက်စအဆောက်ဦးကသံချောင်းတွေ သူ့ကျောကိုစိုက်သွားခဲ့တယ်။ မင်းကထွက်သွားတော့ မသိခဲ့ဘူး။ ဒါမဲ့ရောက်လာတဲ့Taengကသိခဲ့တယ်..။ အဲ့နောက် သူဘယ်လိုထွက်ဆိုပြီး ဘယ်လိုဆုံးဖြတ်ခဲ့တယ်ဆိုတာ မင်းအမြင်ပဲ..
မင်းအတွက်သူ့ရဲ့အနါဂတ်အပြင် အရာအားလုံးကိုစွန့်လွှတ်ခဲ့တာ"