Taeyeonနောက်ဆုံးလူနာကြည့်ပြီးတဲ့နောက်မှာ
တစ်ယောက်ထဲဆေးရုံရဲ့ Cafeteriaကိုထွက်ခဲ့တယ်။
Sooyoungက ခွဲခန်းဝင်နေတာခုထိထွက်မလာသေး
Juniel နဲ့လည်းမစားချင်သောကြောင့် တမင်ရှောင်ကာ တစ်ယောက်ထဲ ထွက်လာခဲ့ခြင်းပင်...."Taeyeon sunbae.."
Cafeteriaမှာအရင်ရောက်နေတဲ့ Minhoတို့ ဟောက်ဆာဂျင်လေးတွေအဖွဲ့က Taeyeonကိုလက်လှမ်းပြပြီးခေါ်လေ၏။
Taeyeonသူ့ဗန်းကိုကိုင်ကာ ထိုဝိုင်းကိုသွားထိုင်လိုက်သည်။"Sooyoung sunbaeကောမပါဘူးလားဗျ"
"သူကခွဲခန်းဝင်နေတာ ..."
"အဲ့ဆို ဗိုက်တွေတော့ဆာနေတော့မှာပဲ"
Minhoစကားကြောင့် Taeyeonပြုံးမိသည်။ Sooyoungအစားပုတ်တာ ကလေးတွေကအစသိသည်။
တခါတလေ လူနာကြည့်ရင်းမုန့်စားလို့ ဆေးရုံအုပ်ကြီးက ခေါ်ဆူခံရတာခဏခဏ။ ယခုလည်း ခွဲခန်းကထွက်လျှင် ရှုံမဲ့နေမှာကို သူကြိုမြင်နေပါသည်။ပျော်ပျော်ရွှင်ရွှင်စကားပြောနေသော Minhoတို့စကားဝိုင်းထဲသူဝင်မပါမိ။ ထမင်းကိုသာ ခပ်အေးအေးစားနေမိသည်။ ဟောက်ဆာဂျင်ကလေးတွေကိုကြည့်ပြီး သူ့မျက်စိထဲမြင်မိတာက ကလေး...သူ့ကလေးက ဂျုတီကုတ်လေးနဲ့ဆို သိပ်လိုက်မှာ။ ဒါပေမဲ့ အဲ့ပေါက်စက ဆရာဝန်လုပ်ရမှာ ဝါသနာမပါတာTaeyeonသိပါသည်။
ငယ်ငယ်တုန်းက မေးကြည့်တော့ ရှေ့နေတဲ့။ ရှေ့နေဆိုလည်း သူမနဲ့လိုက်မှာပါပဲ။ မျက်လုံးထဲပုံဖော်ကြည့်လိုက်တော့ smartကျကျပေါ်လာသော ကလေးပုံစံ။"သိပ်မိုက်မှာပဲ.."
"ဗျာ.."
ရုတ်တရက်ပါးစပ်က တီးတိုးထွက်သွားသောအသံကြောင့်
Minhoက သူ့ကိုပြောသည်ထင်၍ ထူးလိုက်ခြင်းပင်။ Taeyeonခေါင်းကိုရမ်းပြလိုက်ရင်း..."ဘာမှမဟုတ်ဘူး...စားစား.."
"Nae Nae"
ရုတ်တရက်ဖုန်းမြည်သံကြောင့် Taeyeonစားလက်စကိုရပ်ကာ ထိုင်ရာမှထလိုက်ရင်း
ဖုန်းကိုင်လိုက်သည်။ Minhoတို့ကို ဆက်စားဖို့လက်ဟန်ခြေဟန်နဲ့ ပြလိုက်ရင်း လူရှင်းရာသို့ Taeyeonထွက်လာခဲ့သည်။"Nae Ms.Park"
Ms.Parkဆိုတာ Sooyeonရဲ့ဆရာမ။ ဟိုးငယ်ငယ်ကတည်းက Sooyeonအကြောင်းကို ကောင်းကောင်းသိသူပေါ့..