Part-19

5.6K 339 30
                                    

"ကဲ အခုငိုက်နေပြီမလား။ ညဂျုတီခွဲခန်းဝင်ရပါမယ်ဆို Yulကပေစောင့်တာကိုး ။ တော်သေး ဒီနေ့Sundayဆိုင်ပိတ်လို့။ မနက်စာစားပြီးပြန်အိပ်တော့"

Yuriနဲ့ SooYoungစကားတစ်ပြောပြောဖြင့် အိမ်ထဲဝင်လာခြင်းပင်။ ဧည့်ခန်းထဲအရောက်..

" ဆိုဂျုပုလင်းတွေ.."

"အယ်..."

Yuriအာမေဋိတ်သံကြောင့် Sooyoungကြည့်လိုက်တော့ ဆိုဖာရှည်ပေါ်မှာ အိပ်နေသူနှစ်ဦး...

"Jessica TaeYeon"

"ရှုး.."

Yuriက တိတ်တိတ်နေဖို့သတိပေးလိုက်ပြီး ဖုန်းထုတ်ကာ ဓာတ်ပုံရိုက်လိုက်လေသည်။ ပြီးမှအောင်နိုင်သူလိုပြုံးကာ...

"TaeYeon TaeYeon ဖက်ထားချက်တွေက.."

"ကဲပါ သူများကိုဗီလိန်ဆန်ဖို့တွေးမနေနဲ့ Yul။ မနက်စာပြင်ရအောင်...သြော်ဒါနဲ့ မနက်စာစားပြီးရင် ငါအိမ်ခဏပြန်ရမှာ အမေရောက်နေတာမို့။ ."

"အော် အင်း..."

နားထဲတိုးတိုးအသံတွေကြောင့် Jessicaနိုးလာရတယ်။ နိုးနိုးချင်းမြင်ရတာက လည်ပင်းဖြူဖြူ..

"ဟင်..."

"နိုးပြီလားမသိဘူး "

ခါးပေါ်ကတင်းကျပ်တဲ့ခံစားမှု့ကြောင့် သတိထားပြီးအသေအချာကြည့်လိုက်တော့ သိမ်းကြုန်းဖက်ထားတဲ့ TaeYeonရဲ့လက်တစ်စုံကို Jessica တွေ့လိုက်ရတယ်။ အသာခပ်ဖြေးဖြေးလေးဖယ်ပြီး ခိုးအထ...

"အမေ့..."

"Hi Good Morning "

လက်ကလေးတွေထောင်ကာ နှုတ်ဆက်နေတဲ့ SooYoung နဲ့ Yuri....ရုတ်တရက်ဆိုတော့ သူမလည်းရှက်ကိုးရှက်ကန်း..။

"Morning...ဟို ပြန်ရောက်ကြပြီလား"

"အင်း.."

"ချိုချဉ် ချိုချဉ်"

ရုတ်တရက်ထယောင်လာတဲ့ TaeYeonကြောင့် Jessica လန့်သွားရသလို မနေ့ညကအဖြစ်ပျက်များကို
ပြန်တွေးမိပြီး သူ့ပါးပြင်မှာ ပန်းရောင်လေးဖြတ်ပြေးသွားတော့တယ်။

"TaeYeonယောင်နေတယ်။ မိုးလင်းနေပြီကို။ ချိုချဉ်တဲ့။ အိမ်မက်ထဲ ဘာတွေစားသောက်နေလဲမသိ"

အမုန်း၏အခြားတစ်ဖက်Where stories live. Discover now