Part-14

5.5K 423 86
                                    

ခါးတွင် တင်းကျပ်သောခံစားမှု...ခေါင်းအုန်းရတာကလည်း ခါတိုင်းလိုသက်တောင့်သက်သာမရှိမှုကြောင့် Jessica အိပ်မှုန်စုံမွှားဖြင့် မျက်လုံးကို အတင်းပြူးပြဲဖွင့်လိုက်တော့..

သူသည် တစ်စုံတစ်ဦးရဲ့လည်ပင်းထဲကို ခေါင်းအတင်းထိုးဝင်ထားပြီး အဆိုပါတစ်စုံတစ်ဦးကလည်း သူ့ရဲ့ခြေထောက်များဖြင့် Jessica ခါးသိမ်သိမ်ကိုခွထားလေသည်....

"What...."

သူမတီးတိုးရေရွတ်လိုက်ရင်း ခေါင်းကိုမော့ကြည့်လိုက်သောအခါ..

နှုတ်ခမ်းပါးတစ်စုံ...ပြီးတော့ နှာတံစင်းစင်း ...မျက်နှာတစ်ခုလုံးကို ခြုံငေးပြီးတဲ့ အချိန်မှာတော့ Jessica အသက်ရှုဖို့ပင် မေ့သွားရသလို ....

"Kim TaeYeon"

ဟုတ်တာပေါ့...TaeYeon...သူမသည်TaeYeonလက်မောင်းကို ခေါင်းအုန်းအိပ်ထားပြီး Taeyeonကလည်း သူမကိုခွထားလေ၏၊...

မနေ့ကအဖြစ်ပျက်ကို ပြန်စဉ်းစားကြည့်တော့ သူတို့တစ်ခန်းစီအိပ်တာပါ....ဒါမဲ့TaeYeonကဘာလို့ သူ့ကုတင်ပေါ်...

"Oh..."

မှတ်မိပြီ...ညကမိုးရွာလို့..

"အား....အင်း..."

အကျောဆန့်ရင်း TaeYeonဟိုလှည့် ဒီလှည့်လှုပ်လာတော့ Jessica မျက်လုံးစုံမှိတ်ရင်း ငြိမ်နေလိုက်သည်...

နဖူးပေါ်သို့ ရောက်လာသောအနမ်းနွေးနွေး..အိမ်ချင်ယောင်ဆောင်နေပေမဲ့ ရင်ခုန်တာတဝုန်းဝုန်းကိုတော့ Jessica ထိန်းမရ...ဘာကိစ္စဒီလိုဖြစ်နေရပါလိမ့်နော်..

ဒီTaeYeonသူ့ကို မနက်စောစော အသက်ထွက်အောင် သတ်နေသလားမသိ...သူကလည်း ဒါကိုသာယာနေသလား...မသိ ဘာကိုမှမသိချင်တော့ ဒီတိုင်းလေးပဲ...

TaeYeonပိုတင်းနေအောင် တိုးဖက်လာပြီး...

"SooYeon Nah..."

လေသံလေးဆိုပေမဲ့ နီးကပ်နေတာကြောင့် အတိုင်းသားကြားရသည်။

"SooYeon...ကလေးလေး...အရမ်းလှလာသလို အရမ်းလည်းတော်ပြီး ထက်မြက်လာတယ်။ ကလေးအတွက် ဘယ်လောက် ဂုဏ်ယူနေမိသလဲဆိုတာ ပြောမပြတက်ဘူး။"

တိုးတိုး တိုးတိုးဖြင့်ပြောနေသော TaeYeonစကားများကို အိပ်ချင်ယောင်ဆောင်ရင်း Sicaနားထောင်နေလိုက်သည်။

အမုန်း၏အခြားတစ်ဖက်Where stories live. Discover now