ဆေးရုံအခန်းတံခါးဝကို မဖွင့်ခင် TaeYeonမျက်ရည်စများကို အရင်သုတ်လိုက်တယ် ။ အနည်းငယ်တွန့်နေတဲ့ အင်္ကျီကို ဆွဲဆန့်လိုက်ရင်း အရမ်းကြေကွဲနေတဲ့ မျက်နှာပုံကို ရအောင်ပြန်ထိန်းလိုက်တယ်။ SooYeonသူ့ကိုမြင်ပြီး ပြန်နှစ်သိမ့်နေရမှာကို မလိုလားပါ။ ယခုသူက SooYeonကို ဂရုစိုက်ပေးရမည်။ အားပေးရမည်။
အဲ့ဒီနောက်မှာတော့ ဆွဲတံခါးကိုTaeYeon ဖွင့်လိုက်ပါတော့တယ်...
"T aengoo"
"သတိရပြီလား ကလေး..။"
TaeYeonဝင်လာတော့ Yulကအလိုက်သိစွာ အခန်းပြင်ကိုထွက်သွားပေးသည်။ ပြောစရာတွေများနေမဲ့ သူတို့အခြေနေကို နားလည်တာမို့.....
"ကလေးရယ်..."
TaeYeonထိန်းမထားနိုင်တော့ ဆေးရုံကုတင်ပေါ်မှာ ထိုင်နေတဲ့ ကောင်မလေးနားကို သွားလိုက်ပြီး မြှုတ်နေအောင်ဖက်ပလိုက်တော့တယ်။ SooYeonကလည်း TaeYeonကျောကိုအလိုက်သင့် ပြန်သိုင်းဖက်လိုက်တာပေါ့....
"ဘာလို့ Taengoo ကိုမပြောတာလည်း SooYeonရယ်။ အခုမှသိတာ ရင်တွေဘယ်လောက်နာနေရလည်း သိလား"
"Taengooဒီလိုကြေကွဲနေရမှာကို မလိုလားလို့ပေါ့။ အားလုံးပြီးသွားမှ အေးဆေးပြောမယ်လုပ်ထားတာ။ ငိုနေတာလား....မငိုပါနဲ့အချစ်ရယ်"
TaeYeon ဘယ်လောက်ထိန်းထိန်း မျက်ရည်ကမရပါ။ သူSooYeonကို ဆုံးရှုံးရမယ်လို့ တွေးလိုက်တိုင်း ရူးမတက်ဖြစ်သွားရသည်။
"SooYeonကို ရအောင်ကယ်မှာပါ။ ဘယ်နည်းနဲ့မှအဆုံးရှုံးခံမှာမဟုတ်ဘူး။ ငါတို့ပေးထားတဲ့ ကတိတွေရှိတယ်လေ။ နှစ်ယောက်လုံးဖောက်ဖျက်လို့မရဘူး။ ဒီအတွက် SooYeonငါ့အနားမှာ ရှိနေရမယ်"
"ဒါပေါ့ SooYeonဘယ်မှမသွားဘူး။ Taengooနားမှာပဲအမြဲရှိနေမှာ"
SooYeonအနေနဲ့ကလည်း အရမ်းဝမ်းနည်းနေပါတယ်။ ဒါပေမဲ့ Taengooပြိုလဲနေတာမမြင်ချင်ပါ။ ကိုယ့်အခြေနေကို ကိုယ်လည်းသိနေပါသည်။ အခုတလော ခန္ဓာကိုယ်က နေရတော်တော်ဆိုးနေတာမလား။ တစ်ခါတစ်ရံကြလည်း လောကကြီးက သူ့အတွက်သိပ်မတရားသလိုခံစားရသည်။
"အိမ်ပြန်လို့ရမှာလား"
"ဟင့်အင်း...SooYeonဆေးရုံမှာနေရမယ်။ အလှုရှင်ပေါ်လာရင် ချက်ချင်းအစားထိုးလို့ရအောင်။ ဖြစ်နိုင်ရင်Taengooအသည်းတစ်ခုလုံး ပေးလိုက်ချင်တာပါ။ သူတို့က ခွဲစိတ်ခွင့်မပေးဖူးတဲ့။"