Part-22

5.2K 333 52
                                    

မှန်နံရံတွေကာရံထားတဲ့ဘန်ဂလိုလေးတစ်လုံး...အဲ့ဒီမှန်နံရံတွေကနေအပြင်ကိုကြည့်လိုက်ရင် သိပ်လှပတဲ့ပင်လယ်ပြင်နဲ့ စိမ်းစိုလှတဲ့အုန်းပင်တန်းများ။

အဖြူရောင်စောင်တစ်ထည်ကို နှစ်ယောက်လုံအောင်ခြုံထားရင်း TaeYeonကနောက်ကနေ SooYeonကိုဖက်ထားတယ်...သူ့ရဲ့ခေါင်းကို SooYeonရဲ့ပုခုံးသားနုနုအပေါ်မှီထားရင်းပေါ့။

"Taengoo "

"အွန်း.."

"SooYeonတို့ရဲ့ Anniversary တိုင်းဒီကိုလာပြီးဖြတ်သန်းရအောင်"

Anniversaryတိုင်းလို့ပြောလိုက်၍ TaeYeonရင်ထဲနွေးပြီး ကျေနပ်စွာပြုံးမိသွား၏။

"အိုခေလေ..."

TaeYeon အဖြေပေးပြီး ဂုတ်သားဖွေးဖွေးလေးကို သွားလေးဖြင့်အူယားစွာ မနာမကျင်ခပ်ဖွဖွကိုက်လိုက်သည်။
Jung SooYeonအနည်းငယ်တွန့်သွားပေမဲ့ ဘာမှတော့မပြော....သဘောတကျငြိမ်နေလေ၏။

အတန်ကြာတော့ရှုခင်းကြည့်နေရာမှ TaeYeonနှင့် မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်လိုက်သည်။ ဖွေးဥနုနေသောမျက်နှာလေးမှ ပါးလေးနှစ်ဖက်ကို SooYeonသူ့လက်ဖဝါးလေးများဖြင့် ခပ်ဖွဖွပွတ်သပ်လိုက်ရင်း....

"Taengoo ချစ်တယ် "

"ငါလည်းSooYeonကိုအများကြီး အများကြီး ချစ်တယ်"

အများကြီးအများကြီးဆိုသော အသုံးကြောင့် SooYeonသဘောတကျပြုံးလိုက်မိသည်။ ဒီလိုပဲ TaeYeonဆိုတာသူ့အပေါ်အမြဲ ပိုလျှံနေအောင်ချစ်ချင်တဲ့သူဟု တွေးမိ၍။

"Taengoo SooYeonတို့အမှုကိစ္စအားလုံးရှင်းသွားရင် လက်ထပ်ကြမယ်နော်။ တကယ်လို့ Taengooကဒီမှာ မနေချင်ဘူးဆိုလည်း နိုင်ငံခြားမှာသွားနေကြမယ်။ ဘဝကိုအတူတူဖြတ်သန်းကြမယ် အသက်တွေကြီးတဲ့အထိ"

"နိုင်ငံခြားမှာမနေပဲ ဒီမှာပဲလက်ထပ်ပြီး ဒီမှာပဲနေကြမယ်လေ။ Taengoo က မနက်တိုင်းSooYeonအတွက်အရသာရှိတာတွေ ပြင်ဆင်ပေးမယ်...အလုပ်တွေအတူတူလုပ်မယ်။ ကလေးသေးသေးလေးတွေလည်း မွေးကြမယ်"

TaeYeonရဲ့နောက်ဆုံးစကားကြောင့် SooYeonတစ်ခွီခွီရယ်မိသည်။ သဘောလည်းကျ ကြည်လည်းကြည်နူးရသည်မလား။ ကလေးကြီးက ကလေးသေးသေးလေးတွေ လိုချင်သည်တဲ့လေ..။

အမုန်း၏အခြားတစ်ဖက်Where stories live. Discover now