အခန်းတံခါးဝကနေ အခန်းထဲကမြင်ကွင်းကို ခိုးကြည့်နေသူတစ်ယောက်။ သူ့မျက်လုံးထဲမှာ စိတ်မကောင်းခြင်းအပြည့်။
ဆေးပိုက်တန်းလန်းနဲ့ အောက်ဆီဂျင်ပေးထားရပြီဖြစ်သော သတိလည်မလာတော့သော ကောင်မလေးကို ဆိုနင့်သောမျက်လုံးများဖြင့်ဘေးကနေ ထိုင်ရင်းကြည့်နေတဲ့ အခြားကောင်မလေးတစ်ယောက်။ ဒီမြင်ကွင်းဟာ သူ့အတွက်လုံလောက်သွားပြီလို့ တံခါးဝကလူကတွေးလိုက်တယ်။
"Yuri Yah..."
ခပ်တိုးတိုးခေါ်သံကြောင့် ကြည့်နေတဲ့ Yuriလန့်သွားရတယ်။ သူTaeYeonနဲ့Jessicaကို တိတ်တိတ်လေးကြည့်နေတာလေ။
"Babe"
"ဘာလုပ်နေတာလည်း"
"ဒီအတိုင်းပဲ....Jessicaအခြေနေဘယ်လိုရှိလည်း Babe။ "
SooYoung Yuriကို သူ့အခန်းရှိရာဆွဲခေါ်သွားလိုက်တယ်။ ဒီနေရာမှာ စကားမပြောချင်ဘူးလေ။ TaeYeon ကြားလို့ စိတ်မကောင်းဖြစ်မှာစိုးတယ်။
"Sica ကဟိုနေ့ TaeYeonနဲ့ခေါင်မိုးထပ်သွားတဲ့ညကတည်းက သတိမေ့နေခဲ့တာ။ ဒါသုံးရက်မြောက် သတိမရသေးဘူး။ ကြည့်ရတာ သူ့အသည်းကထင်တာထက်ကို အလုပ်မလုပ်နိုင်တော့ဘူး ထင်တယ်။ သုံးလလို့ ထင်ကြေးပေးထားပေမဲ့ အလှုရှင်ပေါ်မလာဘူးဆိုရင် တစ်လတောင်ခံပါ့မလားပဲ"
SooYoung ပြောစကားကြောင့် Yuriကလုံးဝငြိမ်သက်သွားတယ်။
"ဒါဆိုအလှုရှင်က ဒီအချိန်ပေါ်လာမှ အဆင်ပြေမှာပေါ့"
"အွန်း...Taeng လည်းသနားပါတယ်။ သူဘယ်လောက်ကြေကွဲနေလည်းဆိုတာ သူ့မျက်လုံးတွေကသက်သေပဲ"
"SooYoung Nah"
"အွန်း ပြောလေ"
Yuriကလေးနက်တဲ့ပုံစံနဲ့ တစ်ခုခုပြောဖို့ပြင်နေတာကြောင့် SooYoung စိတ်ဝင်စားသွားတယ်။
"TaeYeonဆိုတာ ငါ့ဘဝရဲ့အစိတ်အပိုင်းတစ်ခုလိုပဲ။ အမေဆုံးပြီးနောက်ပိုင်း ပထမဆုံးချည်မိခဲ့တဲ့ သံယောဇဉ်ကြိုး။ ထောင်ထဲမှာလည်း ငါတို့တစ်ယောက်နဲ့တစ်ယောက် ဖေးဖေးမမနေခဲ့တယ်။ TaeYeonကြောင့်ပဲ ငါသိပ်ချစ်ရတဲ့ နင်နဲ့ဆုံဆည်းခွင့်ရခဲ့တယ်။ အဲ့လိုငါ့သူငယ်ချင်းက အခုအရမ်းစိတ်မကောင်းဖြစ်ပြိုလဲနေတယ်။ ငါစိတ်ဓာတ်ကျတိုင်း ဝမ်းနည်းတိုင်းပုခုံးတစ်ဖက်ငှါးပေးခဲ့တဲ့သူ။ သူအခုစိတ်သောက ရောက်နေတဲ့အချိန်မှာလည်း ငါတစ်ခုခုလုပ်ပေးချင်တယ်.."