Part-24

4.1K 335 51
                                    

ညက၁၂နာရီ....သို့ပေမဲ့ ဒီအချိန်ထိTaeYeon မအိပ်သေး။ ညဦးကသောက်ထားတဲ့ ကော်ဖီခါးခါးကြောင့် မျက်လုံးကြောင်နေခြင်းပင်။ သို့ပေမဲ့ သူ့ဘေးက SooYeonကတော့  စိတ်ပင်ပန်းရလွန်းသောထင့် တုတ်တုတ်မျှမလှုပ် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသည်။

TaeYeon သူ့ဘေးကအိပ်ပျော်နေတဲ့ကောင်မလေးရဲ့ မျက်နှာကို ခပ်မှိန်မှိန်မီးရောင်လေးရဲ့အောက်ကနေ ကြည့်နေမိတာ ဘယ်လောက်ရှိပြီမသိ။ ချောင်ကျသွားသောမျက်နှာလေး....ယခင်ကအနည်းငယ်ပြည့်တဲ့မျက်နှာလေးဆိုတာ အစရှာ၍မရတော့ ။ အသားရည်ကလည်း ဖြူဖတ်ဖြူလျော့ဖြစ်နေသလို...။

ယခုရက်ပိုင်းSooYeonကို ကြည့်ရတာ အားမရတာအမှန်ပါ။ ဆရာဝန်ဖြစ်ခဲ့ဖူးတာမို့ မသိစိတ်ကတစ်ခုခုခံစားနေရသလိုဖြစ်နေသည်။ ဒါမှမဟုတ် သူအစိုးရိမ်လွန်နေလို့များလား အလုပ်ပိပြီးပင်ပန်းလို့ဒီလိုဖြစ်နေတာလားများ...အစရှိသဖြင့် တွေးမိသည်။

နဖူးပေါ်ဝဲကျနေတဲ့ ဆံစလေးများကို အသာသပ်တင်ပေးရင်း ခပ်ဖွဖွအနမ်းချွေလိုက်တော့ ဟင်းဆိုညည်းပြီး မျက်ခုံးတွန့်ချိုးသွားသူလေး။ TaeYeon မြတ်နိုးစိတ်အပြည့်ဖြင့် သဘောတကျပြုံးငေးနေမိသည်။

တန်ဖိုးရှိတဲ့အချိန်တွေ သိပ်ကိုတန်ဖိုးထားရတဲ့အချိန်တွေပေါ့....သိပ်ချစ်ရသူ သိပ်တန်ဖိုးထားရသူကို ဒီလိုငေးကြည့်နေရတဲ့အချိန်တွေက။ TaeYeonသောက်မိတဲ့ ကော်ဖီကိုတောင် ကျေးဇူးတင်မိသွားသည်။

တစ်ရက်ပေါ့ အရာအားလုံးပြီးဆုံးသွားတဲ့တစ်ရက်။
အဲ့နေ့ရောက်ရင် ကလေးကိုသူလက်ထပ်ချင်ပါသည်။ ဒီနိုင်ငံမှာမဟုတ်တောင် လက်ထပ်လို့ရတဲ့နိုင်ငံတစ်ခုမှာပေါ့...။ ကလေးဘေးနားမှာ အမြဲတစေအတူရှိပေးမည်။ သူကြိုက်တဲ့ဟင်းတွေချက်ကျွေးမည်...။ သူလိုအပ်တာမှန်သမျှဖြည့်ဆည်းပေးမည်။ TaeYeonအတွေးနဲ့တင် ရင်ထဲကြည်နူးစိတ်က တလှပ်လှပ်...။

ဘေးစားပွဲပေါ်က နာရီလေးကို လှမ်းကြည့်လိုက်တော့ ၁နာရီ နဲ့ ၅မိနစ်ကို ညွှန်ပြနေသည်။ အချိန်က မနည်းတော့ ။ မနက်ဖြန်နောက်ဆုံးအမိန့်ချမဲ့ ရုံးချိန်းမို့ မအိပ်ချင်ပေမဲ့လည်း မျက်ခွံတွေကို အတင်းဆွဲပိတ်လိုက်ရပါတော့သည်။

အမုန်း၏အခြားတစ်ဖက်Where stories live. Discover now