<zawgyi>
Fall in L💜ve with my sister's crush!!!
~MingKit ch-0ကျွန်တော့်နာမည် Kitkatပါ…
အိမ်မှာတော့ တစ်ဦီးတည်းသောသားပေါ့ကျွန်တော်တယောက်တည်း မွေးထားလို့တော့ မဟုတ်ပါဘူး
ကျွန်တော်တို့မောင်နှမလေးယောက်မှာ ကျွန်တော်
တစ်ယောက်တည်း ယောကျာ်းလေး…
ကျွန်တော့်အထက်မှာ အမသုံးယောက်နဲ့ပေါ့အဖေနဲ့အမေက နိုင်ငံခြားမှာ…
ဟိုက ကုမ္ပဏီမှာပဲ အလုပ်နဲ့အခြေကျနေပြီပေါ့
မကြီးနဲ့မလတ်တို့လည်း အဖေတို့ကုမ္ပဏီမှာ အလုပ်ဝင်ရင်း ဟိုရောက်နေပြီဒီမှာကျန်ခဲ့တာက ကျွန်တော်နဲ့ မငယ်နှစ်ယောက်
တည်း…
နှစ်ယောက်လုံးက ကျောင်းလည်း မပြီးသေးဘူးကို…မငယ်က final,ကျွန်တော်က 3rd year…
ကျောင်းပြီးရင်တော့ အဖေတို့ဆီလိုက်သွားရမှာပေါ့…တစ်ခုပြောရဦးမယ်…
ကျွန်တော်က မငယ်ကိုဆို အရမ်းတိုတာဗျ
မငယ်ကို လာပိုးတဲ့ ဘဲတွေကိုလည်း အသေကြည့်မရဖြစ်နေတာ…တိုရမှာပေါ့ဗျ…
ဒီမောင်နှမလေး နှစ်ယောက်ပဲကျန်ခဲ့တာကိုး…
(ကျန်တဲ့လူတွေ နိုင်ခံခြားရောက်နေတာ ပြောပါတယ်)မငယ်က တခါတလေ အထာလေးတွေ ပေးတတ်တော့ သူ့လည်းလိုက်ထိန်းရသေး…
ကျွန်တော် အဲ့လောက်လိုက်ထိန်းလို့ထင်ပါတယ်
မငယ်က ဘယ်ဘဲကိုမှ စိတ်မဝင်စားသေးဘူးတဲ့…
အင်းပေါ့လေ…သူတို့ရုပ်ရည်တွေက မငယ်စိတ်ဝင်စားလောက်တဲ့
ရုပ်တွေမှ မဟုတ်တာ…
ဟိုကောင်လေးက လွဲလို့ပေါ့ဘယ်သူပါလိမ့်…minဆိုလား…mingဆိုလား…
1st yearက kingဆိုလား…
သူက ကျွန်တော့်မငယ်ကို လာကြောင်ချင်နေတာမငယ်ကလည်း ဟိုကောင့်ကို ကြွေချင်ချင်…
အင်းလေ…
king လည်း king…
ရုပ်ရည်က…အဲ…လူရုပ်ထွက်တယ်ပေါ့ဗျာ… အဲ့လိုမျိုးဆိုတော့ နည်းနည်းတော့ စိတ်ဝင်စားချင်
သလိုလို…
ပြီးတော့ အဲ့ကောင်လေးက ကားနဲ့လည်း ကျောင်းလာသေး…(ဒါတောင်မငယ်ကို ကျွန်တော့်ကားနဲ့ နေ့တိုင်း
ကျောင်းပို့နေကြပါနော်…အဲ့တာကို ဟိုကောင်လေးရဲ့ ကားကိုအထင်ကြီးနေသေးတယ်)
YOU ARE READING
Fall in love with my sister's crush!!!(MingKit)
Fanfiction'ကျွန်တော် P'ကို ချစ်နေလို့...'...တဲ့... ပုံမှန်အတိုင်းဆိုရင်တော့ ကျွန်တော် ဒီလောက် အံ့သြမိမှာမဟုတ်ပါဘူး...ဒါပေမယ့် အဲ့ကောင်လေးက...!! ကျွန်တော့်အမကို ကြိုက်နေတာမဟုတ်ဘူးလား?? {ဘာသာပြန်မဟုတ်သလို season2မဟုတ်ပါ စိတ်ကူးယဉ်fictionသာ ဖြစ်သည်} 'ကျွန်တော် P...