<Unicode>
Fall in L💜ve with my sister's crush!!!
~MingKit ch-14''ကဲ…ငါ့ကို ပြော…အိမ်ဖုန်းနံပါတ်ကို သူက ဘယ်လိုသိသွားရတာလဲ''
ကျွန်တော်ကသာ အော်မတတ်ပြောနေတာ…
ရှေ့က Beamနဲ့Phanaက တုတ်တုတ်တောင်မလှုပ်…Beamက မထူးဘူးဆိုတဲ့ရုပ်နဲ့ စားပွဲပေါ်ကအအေးငုံ့သောက်နေပြီးတော့ Phanaက ဖုန်းပဲ ငုံ့ကြည့်နေတယ်
မေးမယ့်သာမေးနေရတာ…
အဖတ်တောင်လုပ်ကြတာမဟုတ်
မမေးလို့လည်းမရတော့…ဟိုက အိမ်ဖုန်းပါသိနေပြီ
ကို…''ဟိတ်ကောင်…ဖုန်းကိုပဲ ကြည့်မနေနဲ့လေ…''
''အေး…ငါ အခုသွားတော့မယ်''
အာ…!!!
ပြောမိမှပဲ Phanaက ဖုန်းကြီးကြည့်ပြီး ထသွားတယ်။
ကျွန်တော်ပြောနေတာလည်း အာရုံရပုံမပေါ်…''နေပါဦး…မင်းက ဘယ်သွားမလို့လဲ'
''N'yo အတန်းလွှတ်ပြီတဲ့…သွားတွေ့မလို့''
''ဟာ…''
ကျွန်တော်ပြောနေတဲ့ တစ်ချိန်လုံး ဟိုကောင်လေးနဲ့
messengerကနေ ပြောနေတာပဲ…
စကားလေးတစ်ခါပြောပါတယ်
ဘယ်သူ့မှအဖတ်မလုပ်…
ဒီကောင်တွေနော်…မရှိလို့သာ ပေါင်းနေရတာ''ဘာမှ ဟာမနေနဲ့…မင်းက ငြင်းခဲ့တာ မို့လို့လား''
အအေးသောက်နေရာကနေ Beam ထပြောတော့…''ဘာကြီး??''
Beamက…ဘယ်လိုသိ…
''မင်းက ဘယ်လိုသိတာလဲ''''ဘာမှ သိမနေပါဘူး…ငါပြောသားပဲ ဟိုကောင်လေးကြည့်နေတာ မင်းကိုပါဆိုတာကို…
မင်းဖာသာ စွတ်မငယ်နေတာ။သူ မင်းကို လိုက်နေပြီမဟုတ်လား…''အင်!!…
သူထင်တာကြီးကလည်း ကြိုသိနေတာကြနေတာပဲ
ပြီးတော့…သူက ကျွန်တော့်ကို လိုက်နေတာတဲ့…
မေးပုံကြီးက…ကျွန်တော်ကပဲ…အင်းနော်နဂိုကတည်းက လူက သိပ်မပြောချင်တာ
အခု မျက်နှာတစ်ခုလုံး ပူတက်လာပြီနော်''နေပါဦး…ဖုန်းနံပါတ်ပေးလိုက်တာ မင်းလား…''
''ဖုန်းနံပါတ် မပေးပါဘူး…''
သြ…
Beamမပေးဘူးတဲ့
အဲ့တာဆိုရင် ဘယ်သူများလဲ…
Phanaကလည်း သူ့ဖာသာတောင် အားတဲ့ပုံမပေါ်…
အခြားဘယ်သူက…
![](https://img.wattpad.com/cover/124166300-288-k680738.jpg)
YOU ARE READING
Fall in love with my sister's crush!!!(MingKit)
Fanfiction'ကျွန်တော် P'ကို ချစ်နေလို့...'...တဲ့... ပုံမှန်အတိုင်းဆိုရင်တော့ ကျွန်တော် ဒီလောက် အံ့သြမိမှာမဟုတ်ပါဘူး...ဒါပေမယ့် အဲ့ကောင်လေးက...!! ကျွန်တော့်အမကို ကြိုက်နေတာမဟုတ်ဘူးလား?? {ဘာသာပြန်မဟုတ်သလို season2မဟုတ်ပါ စိတ်ကူးယဉ်fictionသာ ဖြစ်သည်} 'ကျွန်တော် P...