<zawgyi>
Fall in L💜ve with my sister's crush!!!
~MingKit ch-17''မင်းရဲ့မျက်နှာက ဘာလို့နီနေရတာလဲ…''
''ကျွတ်…ဘယ်လိုဖြစ်လို့ ဒါပဲလိုက်မေးနေရတာလဲ''
ဘေးနားက Beamကို ကျွန်တော် အော်လိုက်မိပြီဒါကြီးပဲမေးနေတယ်ဆိုတာ ကားပေါ်က ဆင်းလာကတည်းကပဲ…
တချိန်လုံးကိုမေးတာ
အခုထိ စားနေသောက်နေရင်းတောင် လာမေးနေတာဆိုတော့ အော်သင့်နေပြီကျွန်တော့်မျက်နှာက အဲ့လောက်နီနေလို့လား…
သူက တချိန်လုံးလာမေးနေမှတော့ ပိုနီမှာပေါ့လို့
တကယ်ပါပဲ…
ဒီမျက်နှာဆိုတာကလည်း ခုထိနီတုန်း…
ဘာကိစ္စနီနေရတာလဲ…လန့်သွားရုံလေးကို…
အာ…မသိဘူး…မသိဘူးသူက တစ်ချိန်လုံးလိုက်မေးနေလို့ ကျွန်တော့်မှာ သူများပြီးတော့မှ သက်သက်ထိုင်စားရတယ်
သူ့တချိန်လုံးပတ်ပြေးနေရလို့…ခုချိန် သူများတွေက ကြမ်းပြင်ပေါ်ဝိုင်းပြီး ထိုင်သောက်ရင်းနဲ့ ဘာတွေမှန်း
မသိ…ပြောလိုက် ကစားလိုက်နဲ့
သူတို့ပြောတာကတော့ အမှန်ပြောတမ်းဆိုလား!!??ကျွန်တော်က အဲ့တာမျိုးကစားတာကို စိတ်မဝင်စားလို့ အေးအေးဆေးဆေး စားနေပေမယ့်
ဘေးနားက လာထိုင်ပြီး မေးနေတဲ့ Beamကို သည်းမခံနိုင်တော့…
မြန်မြန်စားပြီး သွားသောက်ရင်တောင် ကောင်းမလားပဲအဆောင်ပိုင်ရှင်မရှိတုန်း မွေးနေ့ဆိုပြီး ဒီလို ပူးပေါင်းသောက်ကြတာတဲ့…
အတော်အတွဲညီနေကြတာပဲ
ဒီလိုဆိုတော့လည်း အဆောင်မှာနေရတာ ပျော်ဖို့အကောင်းသား…မငယ် နောက်နှစ်ကျောင်းပြီးသွားရင် ကျွန်တော်တောင် အဆောင်သွားနေဖို့ အဖေတို့ကို
ပြောချင်စိတ်ပေါ်လာပြီခုနေတဲ့အိမ်က ကျွန်တော်တို့ခဏနေဖို့ ဝယ်ပေးထားတာလေ…
ပြီးလည်း ရောင်းပြီး ဟိုသွားရမယ့်အတူတူ တစ်နှစ်ကြိုရောင်းခိုင်းပြီး အဆောင်သွားနေလိုက်ရင်
ကောင်းမယ်ဝိုင်းထဲမှာလည်း မေးနေတာ ဆူညံလို့…
''Ming…မင်းရဲ့အလှည့်…မင်း ဘယ်လို သူမျိုးကို
ကြိုက်လဲ…သုံးချက်ဖြေ''
YOU ARE READING
Fall in love with my sister's crush!!!(MingKit)
Fanfiction'ကျွန်တော် P'ကို ချစ်နေလို့...'...တဲ့... ပုံမှန်အတိုင်းဆိုရင်တော့ ကျွန်တော် ဒီလောက် အံ့သြမိမှာမဟုတ်ပါဘူး...ဒါပေမယ့် အဲ့ကောင်လေးက...!! ကျွန်တော့်အမကို ကြိုက်နေတာမဟုတ်ဘူးလား?? {ဘာသာပြန်မဟုတ်သလို season2မဟုတ်ပါ စိတ်ကူးယဉ်fictionသာ ဖြစ်သည်} 'ကျွန်တော် P...