<zawgyi>
Fall in L💜ve with my sister's crush!!!!
~MingKit ch-1''မငယ်…မပြီးသေးဘူးလားဗျာ''
သူ့အခန်းတံခါးရှေ့မှာ ငုတ်တုတ်လေးထိုင်စောင့်နေရတဲ့ ကျွန်တော်…Kitkat လှမ်းမေးလိုက်မိတော့''အေး…အေး ခဏလေး''
သူခဏလေးဆိုရင် အနည်းဆုံးက နာရီဝက်ပဲ
မိတ်ကပ်လိမ်း…eye linerခြယ်…နှုတ်ခမ်းနီဆိုး…
အဲ့တာပါ ပေါင်းလိုက်ရင်တော့ နောက်ထပ်နာရီဝက်ပဲ…ကျွန်တော်က ရေချိုးပြီးအကျီင်္ဝတ်လိုက်တာနဲ့ readyဖြစ်နေပြီ
သူ့ပဲ ထိုင်စောင့်နေရတာ…သူ့စောင့်ရတာနဲ့ မနက်ဆိုလည်း ကျောင်းမှာ canteenမထိုင်ရ…
တခါတလေ နောက်ကျ…
အတန်းစခါနီးမှ အတန်းထဲရောက်နဲ့ သူလည်း မြန်မြန်ကျောင်းပြီးမှအေးမယ်နောက်တနှစ် သူကျောင်းပြီးရင်တော့ ကျွန်တော် အေးအေးဆေးဆေး ကျောင်းသွားလို့ရပြီထင်တယ်
အေးအေးဆေးဆေးဆိုတာ သူ့ကိုလိုက်မတိုနေရတော့မှာလည်း ပါတာပေါ့…
သူက ကျောင်းမှာ queen…
ကျွန်တော်ကတော့ သူ့ကိုပဲကွင်းသွားချင်တော့တယ်
ပြင်နေတာ မပြီးနိုင်တော့ဘူးမငယ်ရဲ့အခန်းထဲလည်း ဝင်မပြောရဲ…
သူ့အခန်းက သူတစ်ယောက်ပဲ ဝင်လို့ရတယ်
ဘာလို့လဲဆိုတော့ ပြန်မထွက်တတ်လို့…
တစ်ခန်းလုံး သူ့ပစ္စည်းတွေနဲ့ ရှုပ်ပွနေလို့ ဝင်လိုက်ရုံနဲ့တင်မူးလဲလောက်တယ်ထင်တဲ့အတိုင်းပါပဲ
နာရီဝက်လောက်ကြာတော့ ထွက်လာပါပြီ
ပွစိပွစိနဲ့…''ဘာမှတောင်မပြင်ရသေးဘူး… နင်ကလည်း လောလိုက်တာ''
လောလို့ပဲ…နာရီဝက်ကြာသွားတာ
ရုပ်ကလည်း ဘာမှထူးထူးခြားခြားချောသွားတာ မဟုတ်ပဲနဲ့များ…''သွားမယ်ဗျာ…ကျောင်းဖွင့်တာ တစ်လမပြည့်သေးဘူး။နောက်ကျတော့မယ်''
''နေဦး…မုန့်လေးစားလိုက်ဦးမယ်…ခဏပဲ''
သွားပါပြီ…
နောက်နာရီဝက်ပဲ…Kitkatရေ…ဒီနေ့လည်း နောက်ကျပြီသာမှတ်တော့…
********************
YOU ARE READING
Fall in love with my sister's crush!!!(MingKit)
Fanfic'ကျွန်တော် P'ကို ချစ်နေလို့...'...တဲ့... ပုံမှန်အတိုင်းဆိုရင်တော့ ကျွန်တော် ဒီလောက် အံ့သြမိမှာမဟုတ်ပါဘူး...ဒါပေမယ့် အဲ့ကောင်လေးက...!! ကျွန်တော့်အမကို ကြိုက်နေတာမဟုတ်ဘူးလား?? {ဘာသာပြန်မဟုတ်သလို season2မဟုတ်ပါ စိတ်ကူးယဉ်fictionသာ ဖြစ်သည်} 'ကျွန်တော် P...