Fall in L💜ve with my sister's crush!!!

3.4K 244 1
                                    

<zawgyi>

Fall in L💜ve with my sister's crush!!!
~MingKit    ch-29

အဲ့ဒီရေချိုးခန်းပြတင်းပေါက်က ဖွင့်မိတိုင်း ပြဿနာဖြစ်မယ်မှန်းသိတယ်…
အခု ကျွန်တော်မဖွင့်တာတောင်မှ Mingဖွင့်တော့ ပြဿနာဖြစ်ပြီ…

ဓားခုတ်ကောင်က အကျီင်္ထဲမှာတဲ့…
ဒီလိုလေး တွေးမိရုံနဲ့တင် သွေးခုန်နှုန်း
မမှန်ချင်တော့ဘူး…

အဲ့တာမို့လို့ ဖယ်ပေးပါဆိုတာကို အကျီင်္ထဲ မောင်းထည့်လိုက်ရလားလို့…
ပြတင်းပေါက်ဖွင့်တော့လည်းသူ…
အခု ဖယ်ခိုင်းတာကို အကျီင်္ထဲ ထည့်တော့လည်းသူ…
အဲ့Mingဆိုတာမျိုးကလေ…အတော်လည်း မွှေနိုင်ပါတယ်

ကျွန်တော့်မှာ သဘောကောင်းပြီး သူ့ကို ရေလေးတစ်ခါချိုးခိုင်းမိပါတယ်…
ပြဿနာတွေကို တတ်လို့

သူ ကျွန်တော့်ဆီကပ်လာတာ ခြေတစ်လှမ်းတောင် မကွာတော့…
မဖက်ရုံတစ်မယ်အနေအထားကြီး

ဖက်တာကမှတော်သေးတယ်…ခုဟာက…
သူ ကျွန်တော့် အကျီင်္ကုတ်ကိုဆွဲဟပြီး အထဲကို ချောင်းကြည့်နေတာကြာနေပြီ
ဘယ်လိုအနေအထားကြီးလည်းဗျာ…ဒါကြီးက

''ဖယ်လိုက်လေ''

''ခဏလေးP'…ဘာမှ မမြင်ရသေးဘူး''

အဲ့လောက်ကြည့်နေတာတောင် ဘာမှမမြင်ရသေးဘူးတဲ့
ဘယ်လောက်များ မြင်ချင်လို့လဲမသိ…
ဒါတောင် အကျီင်္ကုတ်ကမို့လို့…အကျီင်္လည်ပင်းသာ ဆိုရင်!!????

''တွေ့ပြီP'…ငြိမ်ငြိမ်နေ''

သြ…လှုပ်လို့တောင်မရလို့ သူ့ဖယ်ခိုင်းတာပါ
ငြိမ်နေတဲ့ကိစ္စပဲကို

အဲ့လိုသာပြောတာ…
သူ့လက်ကြီးက လည်ကုတ်ပေါ်လည်း ရောက်လာကော ကျွန်တော် ယောင်ပြီး အနောက်ဆုတ်မိသွားတယ်

အခုမှသေချာစဉ်းစားမိတယ်…
ကျွန်တော့်အကျီင်္ထဲက ဓားခုတ်ကောင်ကို ဖယ်ပေးဖို့ဆိုရင် သူ့ရဲ့လက်က!!!!
ကျွန်တော့်အကျီင်္ထဲ ဝင်ရမှာပေါ့…

ဘာဖြစ်နေတာလဲ Kit…
လျှောက်တွေးမနေစမ်းနဲ့…
ဓားခုတ်ကောင်လေး ဖယ်ပြီးရုံပဲကို

''ငြိမ်ငြိမ်နေလေP'…P'အနောက်ချည်းပဲ ဆုတ်နေရင်
ကျွန်တော် ဘယ်လိုဖယ်ပေးရမလဲ''

Fall in love with my sister's crush!!!(MingKit)Where stories live. Discover now