<zawgyi>
Fall in L💜ve with my sister's crush!!!
~MingKit ch-23''ရော့ Kit…ဖုန်းကိုင်လိုက်''
အောက်ထပ်လေးခဏဆင်းပြီး ရေသောက်တုန်းမှာ
မျက်နှာရှေ့ရောက်လာတဲ့ မငယ်ရဲ့ဖုန်းကြီး…''အာ…အဲ့တာ မငယ်ရဲ့ဖုန်းလေ''
''အေးလေ…ဒါပေမယ့် အမေတို့ဆက်တာလေ…
နင့်ကိစ္စပဲရှိတာပေါ့''ပြောပြောဆိုဆိုနဲ့ လက်ထဲဖုန်းကြီးထိုးထည့်ပြီး သူ့အခန်းထဲဝင်သွားတာပဲ…
အခုထိ ငြိမ်းချမ်းရေးမရနိုင်သေးဘူးထင်တယ်ဖုန်းဆက်တာကလည်း အမေတို့တဲ့…
ဘာတွေပြောဦးမလဲ မသိသေးဘူးဟူး…
ဘယ်လိုပဲပြောပြော…ပြဿနာဆိုတာ ရင်ဆိုင်နေရတုန်းမှာတော့ ကြီးတာပါပဲ…*************
မငယ်ရဲ့ဖုန်းကို စားပွဲပေါ်တင်ခဲ့ပြီး အပေါ်ထပ် ပြန်တက်လာခဲ့တယ်
အမေတို့က ဒီတစ်ပါတ်အတွင်း ပြန်လာမယ်တဲ့အဲ့ဒီကြမှပဲ ဘာပြောဦးမလဲမသိဘူး…
အခုလောလောဆယ်တော့ ဘာမှ ထွေထွေထူးထူး မပြောလိုက်ဘူး
ပြန်ရောက်မှပြောဖို့ စုထားပုံရတယ်ပြီးတော့ ဘယ်ရက်မှန်းလည်း တိတိကျကျမပြောဘူး…supriseများလုပ်ချင်နေ
သလားမသိဘူး
သူတို့ပြန်လာမယ့်နေ့သိရင် ကျွန်တော်က အိမ်ပြန်မလာမှာကြနေတာပဲဘာတွေလုပ်နေကြမှန်းကိုမသိဘူး
အခန်းထဲပြန်ဝင်လာခဲ့ရင်း ကိုယ့်ဖုန်းလေးကိုယ် လိုင်းဖွင့်လိုက်တော့…
messengerက တတောင်တောင်နဲ့ထမြည်တာ နည်းတာမဟုတ်ဘူး
ဘယ်လိုဖြစ်လို့ပါလိမ့်!!!ဝင်ကြည့်လိုက်တော့ ထင်တဲ့အတိုင်းပါပဲ ဟိုကောင်လေး…
ကျွန်တော့်accကို ဘယ်လိုသိသွားရတာလဲ…
Beamပဲ ထပ်ပြီး ရက်ရောလိုက်ပြန်ပြီထင်ပါတယ်
အဲ့Beamကလည်းလေ…
တယောက်ယောက်နဲ့ကြိုက်သွားမှPhanaလို ငြိမ်သွားမှာ…မဟုတ်ရင် ဟိုကောင်လေးက သူ့ပဲ သွားသွားမေးပြီး
ပြဿနာရှာနေတာ…အခုကြည့်နေရင်းနဲ့ ထပ်ရောက်လာပြန်ပြီ
ဘာတဲ့ …
'P'…ဒီပိတ်ရက်ကြရင် လျှောက်လည်ကြမလား'…
'အခု ဘာလုပ်နေလဲ'…
'P…အရမ်း ချစ်တယ်'…
![](https://img.wattpad.com/cover/124166300-288-k680738.jpg)
YOU ARE READING
Fall in love with my sister's crush!!!(MingKit)
Fanfiction'ကျွန်တော် P'ကို ချစ်နေလို့...'...တဲ့... ပုံမှန်အတိုင်းဆိုရင်တော့ ကျွန်တော် ဒီလောက် အံ့သြမိမှာမဟုတ်ပါဘူး...ဒါပေမယ့် အဲ့ကောင်လေးက...!! ကျွန်တော့်အမကို ကြိုက်နေတာမဟုတ်ဘူးလား?? {ဘာသာပြန်မဟုတ်သလို season2မဟုတ်ပါ စိတ်ကူးယဉ်fictionသာ ဖြစ်သည်} 'ကျွန်တော် P...