Fall in L💜ve with my sister's crush!!!

3.4K 260 0
                                    

<zawgyi>

Fall in L💜ve with my sister's crush!!!
~MingKit    ch-31

partyည…

ကျွန်တော်မှတ်မိသလောက်ကတော့ အမူးသောက်ပြီးမနက်မှ ပြန်နိုးလာတာပဲ…
ဒီထက်ပိုပြီးစဉ်းစားလို့မရဘူး…

''အဲ့ဒီညက…ဘာဖြစ်လို့လဲ''

''P'မမှတ်မိဘူးလား''

သြ…မမှတ်မိလို့ သူ့မေးတာပေါ့…
မနက်နိုးလာတော့ Beamရဲ့အခန်းထဲကို သူပို့ပေးထားတာလို့တောင် သူစာထဲမှာ ရေးထားခဲ့လို့သိတာ

ဒါပေမယ့်လည်း…
အဲ့ဒီလိုမျိုးတော့ မဟုတ်သေးဘူးနော်

''ဟ…ငါမူးနေတာလေ…မင်းပဲ ငါ့ကို အခန်းထဲလိုက်ပို့ပေးတာဆို…''

''ဟုတ်တယ်လေ…ကျွန်တော် P'အတွက် အကိုက်အခဲပျောက်ဆေးတောင် ဝယ်ပေးခဲ့သေးတယ်လေ…''

''ဟမ်!!!ဘာတွေပြောနေကြတာလဲ…ငါ့ရှေ့မှာ ဘာတွေပြောနေကြတာလဲ''

''အာ…ခေါင်းကိုက်ပျောက်ဆေးပါဗျာ…
အမေကလည်း''

ကျွန်တော့်မှာ ထအော်တဲ့အမေ့ကိုလည်း ရှင်းပြရသေးတယ်
အဲ့စောင်ကလေးက ဘာတွေပြောနေတာလဲလို့…
ပေါက်ကရတွေ

အမသုံးယောက်လုံးလည်း ပါးစပ်အဟောင်းသားနဲ့…
သူတို့ အံသြတာလည်းမထူးဆန်းပါဘူး
ကာယကံရှင်ဖြစ်တဲ့ ကျွန်တော်တောင်မှ ဇဝေဇဝါဖြစ်လာပြီ
မဟုတ်ပါဘူးဆိုနေ…

''ငါ အဲ့ဒီမနက် မနက်နိုးလာတုန်းကတော့ အကောင်းကြီးနော်…''

''ဟုတ်ရဲ့လား P' ''

''ဘာကို ဟုတ်ရဲ့လားလဲ…ငါက အဲ့ဒီလိုဆိုရင် မသိပဲနေ…''

ကျွန်တော့်လက်ကို ကိုင်ထားတဲ့သူ့လက်ရဲ့ အားတစ်ခုကြောင့် လှည့်ကြည့်မိတော့ သူကျွန်တော့်ကို အရင်ကြည့်နေနှင့်ပြီးသား…

ဘာလုပ်တာပါလိမ့်…
မဟုတ်တာတွေလျှောက်ပြောထားပြီးတော့ လက်လာကိုင်ထားတာလည်းမလွှတ်သေးဘူး…

အခု ဘာလုပ်ဖို့ သူ့ ကြည့်ခိုင်းနေတာလဲ…

ဘာမှန်းမသိပဲ သူ့ကြည့်နေမိရာက မှိတ်သွားတဲ့တစ်ဖက်တည်းသော သူ့မျက်လုံး…

Fall in love with my sister's crush!!!(MingKit)Where stories live. Discover now