Fall in L💜ve with my sister's crush!!!

3.8K 263 1
                                    

<zawgyi>

Fall in L💜ve with my sister's crush!!!
~MingKit    ch-26

''P'…ကျွန်တော်နဲ့တွဲနေတယ်ဆိုတာကို P'ရဲ့အိမ်ကို ပြောပြလိုက်တာလား''

တအံ့တသြမေးနေတာက ကျွန်တော်ဖွင့်ပြောထားတယ်ဆိုတာကို မယုံနိုင်သေးလို့များလား

''အင်းလေ…''

ဘာကိစ္စဒီလောက်ထိ ပါးစပ်အဟောင်းသားနဲ့ အံ့သြပြနေလဲမသိဘူး…
သူနဲ့တွဲပဲတွဲနေပြီမဟုတ်လား…
တနေ့နေ့တော့ သိသွားမှာပဲကို…ပြောထားတာ ထူးဆန်းနေလို့လား

''P'ဘယ်တုန်းကတည်းက ပြောလိုက်တာလဲ''

''တစ်ပါတ်…အင်း…ဟုတ်တယ် အဲ့ဒီလောက်တော့ ကြာပြီ''
တစ်ပါတ်တော့ ရှိမယ်ထင်တာပဲ
သေချာတော့ မမှတ်မိတော့ဘူး
ဘာလို့မေးတာပါလိမ့်!!!

''ဘာလို့ကျွန်တော့်ကို P'ဖွင့်ပြောထားတဲ့အကြောင်း မပြောပြတာလဲ''

''ငါ မင်းကို ဒီကိစ္စတွေအထိ လိုက်စိတ်မပူစေချင်လို့''

''ဘာကိုလဲP' ''

''မင်းရဲ့အိမ်က…မင်းကို ငါနဲ့ သဘောတူထားပြီးသား
မဟုတ်လား။ဒါပေမယ့် ငါ့ဘက်က…ငါ့အိမ်က ဘာမှတောင်သေချာပြန်မပြောသေးဘူး ဒီChristmasမှာ ပြန်လာမယ်ဆိုပေမယ့် ငါ့ကို ဘာပြောဦးမလဲမသိသေးဘူး… ငါ အခုလို သေသေချာချာမသိရသေးခင်မှာ မင်းကိုပါ စိတ်ပူစေချင်လို့…''

ကျွန်တော်ပြောတာ သူနားလည်မယ်ထင်ပါတယ်

သူ့မိဘတွေနဲ့မတွေ့ရသေးပေမယ့်…
သူ့ဦးလေးတစ်ယောက်တည်းနဲ့ တွေ့ရတာတောင်မှ သူ့မိသားစုက ကျွန်တော့်ကို လက်ခံမယ်ဆိုတာ သိနိုင်နေသလိုပဲ…
ပျော်ပျော်ရွှင်ရွှင်နဲ့ စ,နောက်ပြီးတော့လေ

အဲ့ဒီလို လက်ခံပေးအောင်လည်း သူပြောခဲ့တယ် မဟုတ်လား…
ကျွန်တော်ကိုစတွေ့ကတည်းက သူ့မိဘတွေကို ဖွင့်ပြောခဲ့တယ်လို့…သူပြောပြဖူးတယ် မဟုတ်လား

ဒါပေမယ့် ကျွန်တော်ကကျတော့…
ဘာမှသေသေချာချာမသိရသေးဘူး

ကျွန်တော့်အိမ်က ကျွန်တော့်ကို သဘောတူပေးပါ့မလားဆိုတာကိုတောင် မသိရသေးဘူး…သဘောမတူတာတောင် ဖြစ်နိုင်တယ်…
အဲ့ဒါကြောင့်မို့ ဒီလို မရေမရာဖြစ်နေတုန်းမှာ သူ့ကိုမသိစေချင်သေးဘူး

Fall in love with my sister's crush!!!(MingKit)Where stories live. Discover now