<zawgyi>
Fall in L💜ve with my sister's crush!!!
~MingKit ch-27ဝယ်လာတဲ့ဖုန်းအသစ်ကို miss call စစ်ရင်း ကျွန်တော် အိမ်ထဲပြန်ဝင်လာခဲ့တယ်…
နောက်ဆုံးတော့ ဝယ်ပြီးပြီလေ…
မဝယ်မချင်း 'P'စိတ်ဆိုးနေတာလား'ဆိုပြီး တချိန်လုံးလာမေးနေတာ…
အခုလည်း အရင်နှစ်ရက်တုန်းက miss callတွေ နည်းတာမဟုတ်ဘူး…
အတော်လည်း ဆက်နိုင်ပုံပေါက်ပါတယ်ဒါတောင် ဟိုနေ့ကလိုmessageတွေ တချိန်လုံး မပို့ထားတာ ကျေးဇူးတင်ရမယ်
မဟုတ်ရင် ဖုန်းအသစ်တောင် ထပ်ဟန်းမလားပဲကျွန်တော်က မဟန်းတဲ့ i-phoneလည်း ကိုင်တာမဟုတ်ဘူး…
ကျွန်တော့်ဖုန်းတွေက သတိမထားမိပဲ လွတ်ကျတာနဲ့…အိတ်ကပ်ထဲထည့်ထားတာကို မသိပဲအရင်ဖုန်းလို ရေပုံးထဲ ပြုတ်ကျတာနဲ့…
ဒီကြားထဲ ဂိမ်းဆော့ရင်း မနိုင်လို့ ကိုင်ပေါက်မိတာနဲ့…အဲ့လိုနဲ့ ကျွန်တော့်ဖုန်းတွေက ကြာရှည်မခံတာ…
ခဏ…ခဏပျက်နေပါတယ်ဆိုမှ i-phoneချည်းပဲ ဝယ်ကိုင်နေရမှတော့ အမေတို့ပို့ပေးတဲ့ မုန့်ဖိုးတောင်မလောက်ပဲဖြစ်သွားဦးမယ်
အဲ့တာမို့ sansung A-7တစ်လုံးပဲ ဝယ်လာခဲ့တယ်…အလွန်ဆုံးခံလည်း တစ်နှစ်ပေါ့…ဆိုဖာပေါ်ထိုင်ရင်း ဖုန်းထဲလျှောက်ကြည့်နေတုန်းမှာ
'တောင်'ခနဲဝင်လာတဲ့ messageတစ်ခု…
Phanaင်္ဆီကပဲ…
ဟိုတနေ့က ကျွန်တော့်ဆီပါလာတဲ့စာအုပ် လာယူမယ်တဲ့Phanaတဲ့…
ဟိုစောင်ကလေးက ဖုန်းမဝယ်ခင်ကကြတော့ သေလောက်အောင် miss callခေါ်ပြီး ခုကြတော့ ဘာလို့မခေါ်တာလဲ…
အာ…မခေါ်ချင် မခေါ်နဲ့ပေါ့
ကျွန်တော်က ဘာလို့ သူဖုန်းခေါ်တာ စောင့်ရမှာလဲဖုန်းကို စားပွဲပေါ်ပစ်တင်ပြီး မငယ်ရဲ့အခန်းတံခါးကို ခေါက်ကြည့်တော့ အထဲက ဘာမှမကြားရ…
မီးဖိုချောင်ထဲမှာ ဟင်းချက်နေတဲ့ အဒေါ်ကြီးကို မေးကြည့်တော့ အပြင်ခဏထွက်သွားတယ်တဲ့…ကျွန်တော် ဖုန်းသွားဝယ်နေတုန်း ထွက်သွားတာဖြစ်မယ်…
သူငယ်ချင်းတွေဆီများလား???
သူငယ်ချင်းဆီကိုဆိုရင်တော့ ညနေကြမှ ပြန်လာလိမ့်မယ်အဲ့တာဆိုအိမ်မှာ ကျွန်တော်တစ်ယောက်တည်းပေါ့…
ပျင်းစရာကြီး…
![](https://img.wattpad.com/cover/124166300-288-k680738.jpg)
YOU ARE READING
Fall in love with my sister's crush!!!(MingKit)
Fanfiction'ကျွန်တော် P'ကို ချစ်နေလို့...'...တဲ့... ပုံမှန်အတိုင်းဆိုရင်တော့ ကျွန်တော် ဒီလောက် အံ့သြမိမှာမဟုတ်ပါဘူး...ဒါပေမယ့် အဲ့ကောင်လေးက...!! ကျွန်တော့်အမကို ကြိုက်နေတာမဟုတ်ဘူးလား?? {ဘာသာပြန်မဟုတ်သလို season2မဟုတ်ပါ စိတ်ကူးယဉ်fictionသာ ဖြစ်သည်} 'ကျွန်တော် P...