<zawgyi>
Fall in L💜ve with my sister's crush!!!
~MingKit ch-32Mingကို ကျွန်တော် အိမ်ရှေ့လိုက်ပို့တော့ ညနေဖြစ်နေပြီ…
ဖြစ်မှာပေါ့…
သူလည်း မိဘအလုပ်အကိုင်၊ နေရပ်လိပ်စာ၊မိသားစုအရေအတွက်ကအစ… ကျွန်တော့်ကို ဘယ်လိုတွေ့ခဲ့တာလဲဆိုတာကော၊
ဘယ်လိုကြိုက်ခဲ့တယ်ဆိုတာအဆုံး…ကို မကြီးမေးသမျှထိုင်ဖြေနေရတာလေမေးလိုက်တာဆိုတာ အခုမှပဲပြီးတော့တယ်
တော်သေးတာပေါ့။ပြီးသွားလို့ပဲ…
မဟုတ်ရင် ညပါအိပ်သွားရတော့မယ်ကျွန်တော့်အမေကတော့ ထွက်ကိုမတွေ့တော့ဘူး…
စိတ်ဆိုးနေတဲ့ပုံပဲ
အင်းပေါ့လေ
ချက်ချင်းကြီးတော့ လက်ခံဦးမှာမဟုတ်သေးဘူးပေါ့…''ဒီတစ်ခေါက်တွေ့တာ…''
''ဟင်!!''
ကျွန်တော် ကိုယ့်ဖာသာတွေးနေမိရာက Mingပြောမှ သတိဝင်လာမိတယ်
လမ်းလျှောက်ရင်းတွေးနေမိတာနဲ့ ခြံရှေ့ကို ရောက်လာမှန်းတောင် သတိမထားမိဘူး''P'ရဲ့အဖေ နဲ့မတွေ့ရသေးဘူးနော်''
''အင်း…မလတ်ပြောတာတော့ ငါ့အဖေက လိုက်မလာဖြစ်ဘူးတဲ့။နောက်မှ ထပ်ပြောဖြစ်မှာ။
ဒါပေမယ့် အဖေကတော့ သဘောတူမယ်ထင်တယ်''
ထင်မိတာပဲလေ…
သဘောမတူရင်လည်း မကြီးကူပြောပေးလိမ့်မယ်'' ဒါနဲ့ နေစမ်းပါဦး…''
စောင်ကလေး…
အခုမှသတိရတယ်!!''အ…ဘာလို့ထုတာလဲP' ''
''ဘာလို့ထုတယ် ထင်လဲ''
ခေါင်းပွတ်ပြီးလာမေးနေသေးတယ်
ဘာလို့ထုတယ်ထင်လဲ!!
ဘယ်သူက ခြေဖျားထောက်ပြီး အလကားသက်သက် သူ့ကိုထုမှာလဲ…
ဘာလုပ်ထားလဲ စဉ်းစားပါလားကျွန်တော် အော်လိုက်တော့မှ လာစဉ်းစားပြနေသေးတယ်…
တကယ်ဆို စဉ်းစားစရာကိုမလိုဘူး
မသိစရာလားလို့''အင်း…ကျွန်တော် P'သဘောတူတဲ့အထိ စောင့်မယ်လို့ ပြောမိတာကြောင့်လား''
''ဘာ…''
လာရွဲ့နေသေးတယ်
အကောင်စုတ်လေး…အကောင်းကို မပြောဘူး
ကျွန်တော် ထပ်ထုဖို့ လက်မြှောက်လိုက်တော့…
YOU ARE READING
Fall in love with my sister's crush!!!(MingKit)
Fanfiction'ကျွန်တော် P'ကို ချစ်နေလို့...'...တဲ့... ပုံမှန်အတိုင်းဆိုရင်တော့ ကျွန်တော် ဒီလောက် အံ့သြမိမှာမဟုတ်ပါဘူး...ဒါပေမယ့် အဲ့ကောင်လေးက...!! ကျွန်တော့်အမကို ကြိုက်နေတာမဟုတ်ဘူးလား?? {ဘာသာပြန်မဟုတ်သလို season2မဟုတ်ပါ စိတ်ကူးယဉ်fictionသာ ဖြစ်သည်} 'ကျွန်တော် P...