<zawgyi>
Readerတို့ရေ...
Ch-10ကို ရှာလို့မရဘူးလို့ ပြောတယ်နော်။အဲ့တာကြောင့် ပြန်updateလိုက်တာပါ။
အခုကော အဆင်ပြေရဲ့လားဟင်???!********************
Fall in L💜ve with my sister's crush!!!
~MingKit ch-10ခေါင်းကကိုက်တာ တဆစ်ဆစ်နဲ့…
ညကသောက်တာ အတော်များသွားတာပဲကျွန်တော်အိပ်နေတာက ဆိုဖာပေါ်မှာခွေခွေလေး
ကုတင်ပေါ်ကိုကြည့်လိုက်တော့ ခုထိမနိုးသေးတဲ့
Beam…
သြ…ဒါက Beamရဲ့အခန်းပဲအဲ့ကောင်က သူကြတော့ကုတင်ပေါ်အိပ်ပြီး
ကျွန်တော့်ကြ ဆိုဖာပေါ်အိပ်ခိုင်းထားတယ်…
အိမ်ရှင်ဖြစ်ပြီးတော့ ဧည့်ဝတ်ကိုမကျေဘူး…ဟွန့်ထရပ်တော့လည်း လူက ဟိုတိုက်…ဒီတိုက်…နဲ့
တစ်ဆောင်လုံးလည်း ညကpartyကြောင့်
အိပ်မောကျနေပုံရတယ်
နာရီကိုကြည့်လိုက်တော့ 10:00 a.m…ဆယ်နာရီထိုးတာတောင် တစ်ဆောင်လုံးက တိတ်ဆိတ်လို့…
ကျွန်တော်တစ်ယောက်တည်းနိုးပြီးသရဲကား ရိုက်နေရတာကြနေတာပဲ…အခန်းထဲကထွက်တော့ ကြမ်းပြင်ပေါ်ခွေအိပ်နေတဲ့
သူတွေတောင်ရှိသေးတယ်
အခန်းထဲပို့ပေးထားတဲ့ Beamကိုတောင်
ကျေးဇူးတင်ရမလိုလို…လှေကားရောက်တော့ ညကချိတ်ခဲ့တဲ့ကျွန်တော့်
အိတ်ပြန်အဖြုတ်မှာ ခြေထောက်နား ပြုတ်ကျတဲ့
ကြွပ်ကြွပ်အိတ်တစ်ထုတ်…
ဘာများလဲအထဲမှာက အအေးတစ်ဘူး…ဆေးကတ်တစ်ကတ်…
စာတစ်စောင်…
အိ…စာတဲ့
လူက စာမြင်ရင် ခပ်လန့်လန့်ရယ်ဖွင့်ဖတ်တော့ ထင်တဲ့အတိုင်း ဟိုကောင်လေးရဲ့
လက်ရေး…
ကျွတ်…လူက သူ့လက်ရေးတောင် အလွတ်ရချင်ချင်ဖြစ်နေပြီ'P'အတွက် ခေါင်းကိုက်ပျောက်ဆေးနဲ့ အအေးပါ…
ညက P'အရမ်းမူးနေလို့ ကျွန်တော် P'Beamရဲ့
အခန်းထဲပို့ပေးခဲ့ပါတယ်…ကျွန်တော့်ကို ညကကိစ္စ
ကြောင့်စိတ်မဆိုး…'ဟင်!!!ဟင်!!!ဟင်!!!
ဘာဖြစ်တယ်…ဘာဖြစ်တယ်…?????
ဒါ…ဘာကြီးလဲ????အမူးမပြေသေးတဲ့မျက်လုံးတွေ ပြူးထွက်သွားရတယ်…
စာတောင်ဆုံးအောင် မဖတ်နိုင်တော့…
ဘာဖြစ်တယ်…???
ညက??? ကိစ္စ????
YOU ARE READING
Fall in love with my sister's crush!!!(MingKit)
Fanfiction'ကျွန်တော် P'ကို ချစ်နေလို့...'...တဲ့... ပုံမှန်အတိုင်းဆိုရင်တော့ ကျွန်တော် ဒီလောက် အံ့သြမိမှာမဟုတ်ပါဘူး...ဒါပေမယ့် အဲ့ကောင်လေးက...!! ကျွန်တော့်အမကို ကြိုက်နေတာမဟုတ်ဘူးလား?? {ဘာသာပြန်မဟုတ်သလို season2မဟုတ်ပါ စိတ်ကူးယဉ်fictionသာ ဖြစ်သည်} 'ကျွန်တော် P...