<zawgyi>
Fall in L💜ve with my sister's crush!!!
~MingKit {'Extra´}-6ကျွန်တော့်မျက်လုံးတွေရဲ့အမေးကို သဘောပေါက်လို့ထင်တယ်…
သူ ပြုံးလိုက်တယ်…ပြီးတော့''ကျွန်တော် ဒီဓာတ်ပုံတွေနဲ့ ပတ်သတ်တဲ့နေ့တွေကို မှတ်မိသေးတယ် P'…
P'ကို ပေးခဲ့တဲ့ကတိတွေကို မှတ်မိနေသေးတယ်…
ယောကျာ်းလေးတယောက်ဖြစ်နေပါလျှက်နဲ့ P'ကိုချစ်ခဲ့မိလို့…
P'တယောက်တည်းကိုပဲ ကျွန်တော်လိုအပ်တာ…ဆိုတာ…
ကျွန်တော့်ကတိပါP' ''ကျွန်တော် သူ့မျက်နှာကိုကြည့်နေမိဆဲပါ…
သူ့စကားမဆုံးသေးတာမို့ ကျွန်တော်နားမလည်သေး…
ဒါပေမယ့် သူပြောချင်တာကို ခံစားမိသလိုပဲ…''အမေက ကျွန်တော့်ကိုလည်း အဲ့လိုမျိုးတွေ အမြဲတမ်းပြောနေကြပါပဲ…
ဒါပေမယ့် ကျွန်တော် စိတ်ထဲမထားတော့ဘူး။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်P'ကို ချစ်နေလို့…
P'ကလည်း ကျွန်တော့်ကို ချစ်နေလို့…
ကျွန်တော့်ကို ဘာတွေပဲပြောပြော ကိစ္စမရှိလို့''သူဓာတ်ပုံတွေကိုကြည့်ပြီး ပြောနေရာကနေ ကျွန်တော့်ကို မော့ကြည့်လိုက်တယ်
''ခုဏက…ဘာမှမဟုတ်တဲ့ကိစ္စလေးဆိုပေမယ့်
ကျွန်တော် P'ကို စိတ်မကောင်းမဖြစ်စေချင်ဘူး။
P'ကျွန်တော့်မိဘတွေနဲ့ အဆင်ပြေချင်မှန်း သိပါတယ်။ဒါပေမယ့်…
P'ကို စ,ချစ်ခဲ့ရတာက ကျွန်တော်ပါ…
ဘာကိစ္စရှိရှိ P'ဘက်မှာရှိနေပေးမယ်လို့ပြောခဲ့တာ ကျွန်တော်ပါ…
အဲ့တာကြောင့် တခုခုကြောင့် စိတ်ညစ်စရာရှိမယ်ဆိုရင် P'တယောက်တည်း မခံစားပါနဲ့P'…''သူ ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားရင်းကနေ သူ့လက်ကလက်စွပ်ကို ကျွန်တော်မြင်နိုင်အောင် လှည့်လိုက်တယ်
''ဒီလက်စွပ်ကို ကျွန်တော်ဝတ်လိုက်ကတည်းက P'ကျွန်တော့်ကိုပိုင်တယ်လို့ ပြောခဲ့သားပဲ။
နောက်ထပ် အချိန်တွေအများကြီးကျန်သေးတယ် P'…အဲ့တာကြောင့် P'ကို ဘာကြောင့်ပဲဖြစ်ဖြစ် တယောက်တည်း မခံစားစေချင်တာ…
ကျွန်တော့်ကို P'ပိုင်ပြီးသားမို့ အားမနာနေစေချင်တာ''ရုတ်တရက် မျက်ရည်ဝဲလာသလိုပဲ…
ဒါပေမယ့် ကြက်သွန်နီကြောင့်မဟုတ်
ဝမ်းနည်းလို့လည်းမဟုတ်…ပျော်လာမိလို့…
YOU ARE READING
Fall in love with my sister's crush!!!(MingKit)
Fanfic'ကျွန်တော် P'ကို ချစ်နေလို့...'...တဲ့... ပုံမှန်အတိုင်းဆိုရင်တော့ ကျွန်တော် ဒီလောက် အံ့သြမိမှာမဟုတ်ပါဘူး...ဒါပေမယ့် အဲ့ကောင်လေးက...!! ကျွန်တော့်အမကို ကြိုက်နေတာမဟုတ်ဘူးလား?? {ဘာသာပြန်မဟုတ်သလို season2မဟုတ်ပါ စိတ်ကူးယဉ်fictionသာ ဖြစ်သည်} 'ကျွန်တော် P...